181 - 185

288 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 181 ) တစ်ခုခုဖြစ်နေပြီ

"မင်းက ငါတို့ရဲ့ ကျားဖြူခန်းမဝင်တွေကိုသတ်ပြီး ထွက်သွားခိုင်းနေတာလား… မဖြစ်နိုင်ဘူးကွ… ငါတို့မင်းကိုဖမ်းပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်"
ကျားဖြူခန်းမဝင်တွေက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

သို့သော် မည်သူမျှ အချိန်တိုအတွင်း ချဉ်းကပ်ခြင်းမပြုဝံ့ကြပါချေ။

"လုမင်… မင်း အတင့်ရဲလှချေလား… ဒီလောက် မောက်မာတဲ့‌ကောင်၊ ဒီနေ့ မင်းသေရမယ်ကွ"
ဟိန်းဟောက်သံနှင့်အတူ လူရိပ်သုံးခုက လေပြင်းတိုက်ခတ်သလို ရောက်ရှိလာခဲ့ကြပါသည်။

"အဓိကအကြီးအကဲ… အဓိကအကြီးအကဲသုံးယောက်တောင်ဟေ့… လုမင်သေပြီ"
သွမ့်မုမိသားစုဝင်တစ်ဦးက အော်ဟစ်လိုက်သည်။

"ကွမ့်ဖန်… ခင်ဗျားတို့လည်း လာပြီပဲ… ဒီလုမင်ဆိုတဲ့ မိစ္ဆာကောင်ကို ကျုပ်နဲ့အတူတူပူးပေါင်းပြီး သတ်ကြရအောင်"
သွမ့်မုချောင် စိတ်ဓာတ်တက်ကြွစွာဖြင့် အော်ဟစ်လိုက်သည်။

"မင်းကို အရင်သတ်မှာကွ"
လုမင်က အော်ဟစ်ပြီး သွမ့်မုချောင်ဆီကို ပြေးဝင်သွားခဲ့ပါသည်။

လုယွမ်ရှုံကတော့ ကြောက်ရွံ့စွာဖြင့် သွမ့်မုချောင်အနောက်မှာ ပုန်းအောင်းနေလေ၏။

လုမင်က ကျားဖြူခန်းမမှာ ကျားဖြူခန်းမဝင်တွေကို သတ်ဖြတ်ရဲလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားခဲ့ပါချေ။

သူ ဘယ်လိုလုပ်ပြီး သတ္တိရှိနိုင်ပါသနည်း။

ယခုအချိန်တွင် သူက ကျားဖြူခန်းမအတွင်း၌ ရှိနေသော်ငြား သူ၏စိတ်နှလုံးထဲမှာ အေးစက်မှုကို ခံစားလိုက်ရပါသည်။

လုမင်က သူတို့ဆီကို ပြေးလာနေတာကိုမြင်ပြီးနောက် ထိတ်လန့်တကြားနှင့် အနောက်ဆုတ်သွားတော့သည်။

"ဝုန်း"
လုမင်၏လှံချက်က ကောင်းကင်ထောက်တိုင်တစ်ခုလို သွမ့်မုချောင်ဆီကို တိုးဝင်သွားခဲ့ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now