411 - 415

283 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( ၄၁၁ ) လျှို့ဝှက်ကြံစည်မှု၊ နဂါးသင်္ချိုင်းချောက်

"ဝှစ် ဝှစ်..."
လုမင် အနောက်ကို ဆုတ်ခွာသွား၏။ ကျန်လူများကလည်း နောက်ဆုတ်သွား၍ ထိပ်တန်းပါရမီရှင် ငါးယောက်တို့မှာ မျက်နှာချင်းဆိုင်ကာ ရပ်လိုက်သည်။

ကျန်သူများကတော့ တိုက်ခိုက်နေကြဆဲပင်။

"ဟွမ်းကျစ်ရွှမ်း၊ အတင့်ရဲလိုက်တာ.. မင်းက ထပ်ပြီး အရိုက်ခံချင်လို့လား"
လုမင် မကျေမနပ်နှင့် ပြောလိုက်သည်။

"မောက်မာမနေနဲ့ ဟေ့ကောင်"
ဟွမ်းကျစ်ရွှမ်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

သူက အများရှေ့၌ အရှက်မကွဲစေရန် ပါးစပ်စေ့ကာ ချီစွမ်းအင်ဖြင့် ထုတ်‌ဖော်ပြောသည်။

နံဘေးတွင် စွန်းချူနှင့် ပုဖေးဟန်က လုမင်ကို အလေးအနက် ကြည့်လိုက်၏။

၎င်းတို့က ဟွမ်းကျစ်ရွှမ်း၏ သနားစရာအသွင်ပြင်ကို သဘောပေါက်ကုန်မှန်း သိသာသည်။

ဟွမ်းကျစ်ရွှမ်းက အမှန်တကယ် လုမင်ရိုက်နှက်ခြင်းကို ခံခဲ့ရသလော။

ထိုအရာသာ မှန်ကန်ပါက လုမင်ကို သတိထားရမည် ဖြစ်သည်။

"အားလုံးပဲ၊ ဒီကောင်က မရိုးရှင်းဘူး..။ သူ့ရဲ့လျှို့ဝှက်လက်နက်က အရမ်းထူးခြားပြီး မင်းတို့ကာကွယ်လို့ မရနိုင်ဘူး..။ ငါလည်း သူ့ရဲ့ လျှို့ဝှက်လက်နက်နဲ့ လှည့်စားခံခဲ့ရတာ..။ အဲတာကြောင့် နဂါးအကြေးခွံအတွက် ဒီကောင့်ကို အရင်သတ်ဖို့ အကြံပြုချင်တယ်"
ဟွမ်းကျစ်ရွှမ်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဟားဟား.. မင်းကလား"
လုမင်က ရုတ်တရက် တန်တန်နှင့် ပစ်ပေါက်လိုက်သည်။

"ဝှစ်"
တန်တန်လည်း ဟွမ်းကျစ်ရွှမ်းဆီ လွင့်ပျံသွားခဲ့၏။

"မင်း.. မင်းဘာလုပ်တာလဲ"
ဟွမ်းကျစ်ရွှမ်း ဒေါသတကြီးဖြင့် သွေးအန်လုနီး ဖြစ်သွားသည်။

သူက လုမင်ဝှက်ဖဲအကြောင်းသာ ပြောရသေးသည်။ တစ်ဖက်လူက ချက်ချင်း ပစ်မှတ်ထားကာ  တိုက်ခိုက်လာခဲ့၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now