371 - 375

325 27 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 371 ) ကောင်းကင်ဘုံဂိတ်မှ ရတနာများ ထွက်ပေါ်လာပြီ

'ဆက်မယ်'
ချက်ချင်းပင် လုမင်ဟာ လေစွမ်းအားကို ဆက်လက်နားလည်ဆင်ခြင်၏။

စွမ်းရည်နှစ်ခု၏ ပေါင်းစပ်မှုကို ပိုအဆင်ပြေရန် လေစွမ်းရည်သည် မီးစွမ်းရည်အား လိုက်မှီနိုင်ရန် လိုအပ်၏။ ထို့အတွက် သူအကြောင်းဆုံး ကြိုးစားရမည် ဖြစ်သည်။

ကောင်းကင်ဘုံဂိတ်အောက်တွင် စွမ်းရည်ကို နားလည်ဆင်ခြင်ခြင်းက ခုန်ပေါက်ကာ အဆင့်တက်ခြင်းပင် ဖြစ်၏။

နာရီဝက်ခန့်ကြာသောအခါ လေစွမ်းရည်က ကြီးမားသော အောင်မြင်ခြင်း အစောပိုင်းအဆင့်မှ အလယ်လတ်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

နောက်ထပ် နာရီဝက်ကြာသောအခါ လေစွမ်းရည်ဟာ ကြီးမားသော အောင်မြင်ခြင်း အလယ်လတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။ ကြီးမားသော အောင်မြင်ခြင်း အကန့်အသတ်သို့ ရောက်ရှိရန်မှာ ခြေတစ်လှမ်းသာ လိုတော့သည်။

"ဝုန်း"
ထိုစဉ် လီချိုးရွှေထံမှ ဖြာထွက်လာသော အရှိန်အဝါများကို လုမင် ခံစားလိုက်ရ၏။

၎င်းက စွမ်းရည်တစ်မျိုးဖြစ်ပေသည်။ ယခုအခါ လီချိုးရွှေ၏ စွမ်းရည်က မူလကထက် များစွာပိုသန်မာလာခဲ့ပြီ ဖြစ်သည်။

ရေစွမ်းရည် ပြီးပြည့်စုံခြင်း အဆင့်။

"ဟားဟားဟား"
လီချိုးရွှေက ခုန်ထကာ ကောင်းကင်ကို မော့ကြည့်၍ ဝမ်းသာအရ ရယ်မောလိုက်သည်။

သူ့ဆီမှ ထွက်ပေါ်နေသော ပြီးပြည့်စုံသည့် စွမ်းရည်ဟာ လူအများအပေါ် ဖိအားများပင် ဖြစ်‌လာစေသည်။

ထို့ကြောင့် စွမ်းရည်ကို နားလည်နေသူအားလုံး အထိတ်တလန့် ရပ်တန့်လိုက်ကြ၏။

"လီချိုးရွှေရဲ့ စွမ်းရည်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားခဲ့ပြီဟေ့..။ အံ့ဩစရာကောင်းလိုက်တာ"

"ဒီတစ်ခေါက် မြစ်‌တစ်ထောင်ဇယားက သူ့အဆင့်ကလည်း ထပ်ပြီး တိုးတက်လာဦးတော့မယ်"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now