281 - 285

318 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 281 ) ငါက မိုးကောင်းကင်ရဲ့သားတော်

"သေချင်နေတာလားကွ"
ကျောက်ဟုန်က အေးစက်စက် အော်ငေါက်လိုက်ပါသည်။ သူက ဓားချက် ထုတ်ဖော်လိုက်သောအခါ ဓားအလင်းတွေက ရွှေမျက်လုံးသွေးဖုတ်ကောင်ဆီကို တိုးဝင်သွားခဲ့လေ၏။

"ထန်"
ဓားအလင်းက လက်သည်းတွေကို ထိမှန်သွားသောအခါ သံသံချင်းထိခိုက်သံတွေ ထွက်ပေါ်လာခဲ့ပါသည်။ မီးပွားတွေကလည်း ပတ်ဝန်းကျင်ကို လွင်ြစင်ထွက်ပေါ်လာ၏။

"ဝုန်း"
ထို့နောက်တော့ ကျောက်ဟုန်ဟာ အနောက်ကို လွင့်စဉ်သွားတော့သည်။

ရွှေမျက်လုံး၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်၍ သူဟာ လုံးဝမခုခံနိုင်ပါချေ။

"ဝေါင်း"
ရွှေမျက်လုံးက ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်ပါသည်။ သူဟာ ကျောက်ဟုန်အနောက်ကို တဟုန်ထိုး ပြေးလိုက်သွားခဲ့သည်။

ကျောက်ဟုန်၏ နှုတ်ခမ်းထောင့်မှ သွေးတွေစီးကျလာကာ သူ့မျက်နှာက သုန်မှုန်သွားခဲ့ပါသည်။ ဤတိုက်ခိုက်မှုက သူ့ကို ဒဏ်ရာအပြင်းအထန်ရသွားစေတာ သိသာပေ၏။

ထိုအချိန်တွင် ကျောက်ဟုန်၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပါသည်။ သူက မတိုက်ခိုက်ဝံ့တော့ဘဲ လမ်းကြောင်းပြောင်းကာ ပြေးလေ၏။ သူပြေးသောနေရာကတော့ လုမင်နှင့် ရှဲ့နျန်ချင်းဆီကိုပင် ဖြစ်တော့သည်။

"မကောင်းတော့ဘူး… ပြေး"
လုမင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပါသည်။ သူဟာ ရှဲ့နျန်ချင်းနှင့်အတူ တစ်ချိုးတည်း ‌ထွက်ပြေးလေ၏။

"မင်းတို့နှစ်ယောက် ပြေးရဲသေးတယ်လား… ဒီသွေးဖုတ်ကောင်ရဲ့လက်ထဲကို ရောက်သွားရင် မင်းတို့ သေတာထက် ပိုဆိုးသွားလိမ့်မယ်ကွ… ငါဆိုရင်တော့ မင်းတို့ ပျော်ပျော်ရွှင်သေရဦးမှာ… မင်းတို့နားလည်လား"
ကျောက်ဟုန်က ပြေးလွှားရင်း အေးစက်စက်ဖြင့် အော်ဟစ်လိုက်ပါသည်။

"သောက်ပေါက်ကရ… မင်းကိုမင်း သွေးကျောက်အင်ပါယာရဲ့ စူပါနိုဗာငါးဆယ်ထဲက တစ်ယောက်လို့ ထင်နေတာလားကွ… ငါ့အထင်တော့ မင်းက စူပါအရူးပဲ ဖြစ်ရမယ်၊ ရှောင်ချင်း… နင်ဘယ်လိုထင်လဲ"
လုမင်က အလွန်အထင်မြင်သေးဟန်ဖြင့် ပြန်အော်လိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now