496 - 500

303 31 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 496 ) လုမင်ထံသို့ လာရောက်ကြသူ

သူက အလွန်ဒေါသထွက်နေသော်လည်း ဘာမျှ ပြန်မပြောဝံ့ပေ။

၎င်းက သန့်စင်မိသားစု၏ ဌာနခွဲမှ တပည့်တစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် သူ့အရှေ့မှ လူငယ်များက သန့်စင်မိသားစု၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။ သို့ဖြစ်ပေရာ ၎င်းတို့အဆင့်အတန်းက သူ့ထက် အဆများစွာ မြင့်မား၏။ ကျင့်ကြံခြင်း အခြေခံကလည်း သန်မာခဲ့ကြသည်။

ထို့ကြောင့် သူဘာမျှ လုပ်နိုင်စွမ်းမရှိပေ။

သန့်စင်မိသားစုက ဆန်းကျယ်ကောင်းကင် နယ်မြေကြီးတစ်ခုလုံး၌ ရှေးအကျဆုံးဖြစ်သည်။ ၎င်းက ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ မိသားစုကြီးနှစ်ခုနက် တစ်ခုလည်း ဖြစ်သေး၏။

နောက်ထပ် သန့်စင်မိသားစုတစ်ခုကတော့ မူမိသားစုပင် ဖြစ်တော့သည်။

၎င်းက ဆန်းကျယ်ကောင်းကင် နယ်မြေကြီး၏ အလယ်ပိုင်းမှ သန့်စင်မိသားစု ဖြစ်သည်။

ဆန်းကျယ်ကောင်းကင် နယ်မြေကြီး၏ အလယ်ပိုင်းက ဝိညာဉ်ချီ အကြွယ်ဝဆုံးနှင့် အသန်မာ‌ဆုံးနေရာ ဖြစ်ချေသည်။ ၎င်းက ဆန်းကျယ်ကောင်းကင် နယ်မြေကြီး၏ အရှေ့ပိုင်းထက် ဆယ်ဆပို ကြီးမား၏။

ထိုနေရာ၌ ပါရမီရှင်များကလည်း မိုးစက်များကဲ့သို့ အလွန်တရာမှ ပေါများနေတော့သည်။

၎င်းက ဆန်းကျယ်ကောင်းကင် နယ်မြေကြီးတစ်ခုလုံး၏ အမြုတေပင်တည်း။

ထိုသို့သော သန့်စင်မိသားစု၏ တိုက်ရိုက်တပည့်များ ဖြစ်သောကြောင့် ရှန့်ဝူရွှမ်းဟာ ဘာမျှ မတတ်နိုင်ပေ။

"ရှန့်ဝူရွှမ်း၊ မင်းစိတ်ချပါ... မင်းက အမှိုက်တစ်စဆိုရင်တောင် နောက်ဆုံးတော့ ငါတို့ရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်နေတုန်းပဲ..။ ငါ့မိသားစုက ခွေးတစ်ကောင်ကို အနိုင်ကျင့်မိရင်တောင် ဒီအတွက် ဆယ်ဆပြန်ပေးဆပ်ရစေမယ်... စိတ်မပူပါနဲ့၊ ငါတို့မင်းအတွက် ပြန်ပေးဆပ်စေမှာပါ"
လူငယ်တစ်ယောက်က ပြုံးလျက် ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now