36 - 40

428 35 1
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ကိုခန့်
အပိုင်း ( 36 ) အလှလေးကို ကယ်တင်သည်

လုမင်ဟာ အနိမ့်ဆုံး သိုင်းစစ်သည် အဆင့်ခြောက် နတ်ဆိုးသားရဲတွေကို ဒါဇင်များစွာအထိ အမဲလိုက်ခဲ့ပါသည်။  အချို့သားရဲများထံမှာတော့ သံတံဆိပ်ပြားတွေ ပါလာတတ်၏။

ယခု လုမင်ရဲ့လက်ထဲမှာ နှစ်မှတ်တန် တံဆိပ်ပြားငါးခုနှင့် တစ်မှတ်တန် တံဆိပ်ပြားသုံးခုရှိပြီး စုစုပေါင်း တံဆိပ်ပြား ဆယ့်သုံးခု ရထားခဲ့ပြီဖြစ်သည်။

သူဟာ ဝေဇီယုနှင့် အခြားသူများထံမှ တံဆိပ်ပြားဆယ့်နှစ်မှတ်အထိ ရထားခဲ့၏။ အားလုံးပေါင်းရင် သူ့မှာ နှစ်ဆယ့်ငါးမှတ် ရှိနေပြီဖြစ်သည်။

ယင်းက ကြေးအဆင့်တပည့်အဖြစ် အဆင့်တက်ဖို့ လုံလောက်ခဲ့လေပြီ။

သို့သော် လုမင်အတွက်မူ လုံလောက်ဖို့ လိုနေသေးသည်ဟု ခံစားနေရသည်။ အကြောင်းမူ လုမင်ဟာ ပထမနေရာကို ရည်မှန်းထားခြင်းသောကြောင့်ပင်။ ပထမရမှသာလျှင် ဆုလဒ်ဖြစ်သော ဝိညာဉ်သစ်သီးကို ရရှိနိုင်မည်မဟုတ်ပါလော။

သူ၏ လက်ရှိရမှတ်ဟာ အလွန်မင်း နည်းပါးနေသေးသော်လည်း သူက အကောင်းဆုံးကြိုးစားသွားမည်ဖြစ်သည်။

လုမင်ဟာ မြွေနဂါးခြေလှမ်းကို အသုံးပြု၍ တောအုပ်နှင့် တောင်တန်းတစ်လျှောက် ပြေးလွှားလိုက်ပါသည်။ သူသည် သာမန်နတ်ဆိုးသားရဲတွေကို ဂရုမစိုက်ပဲ ရမှတ် တံဆိပ်ပြားပါသော သားရဲတွေကိုသာ အဓိကထားသည်။

တစ်ရက်ကြာပြီးနောက် ညအချိန်တွင် လုမင်ဟာ တစ်မှတ်တန် တစ်ခုနှင့် နှစ်မှတ်တန် တံဆိပ်ပြားတစ်ခု ထပ်မံရရှိခဲ့ပါသည်။

ထန်!
ထိုစဉ်မှာပင် သူ့အရှေ့နားမှ လက်နက်ချင်း ထိခတ်သံကို ကြားလိုက်ရသည်။

" တစ်ယောက်ယောက်ရှိနေတယ်"
လုမင်၏ မျက်နှာအမူရာက ပြောင်းလဲသွားခဲ့ပါ၏။ အသံကား သူ့အရှေ့နားမှာဖြစ်ပြီး မီးအလင်းရောင်က တစ်ချက်၊တစ်ချက် ထွက်ပေါ်လာသည်။

"သွားကြည့်ရအောင်"
လုမင်ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး မီးအလင်းရောင်ရှိရာကို ပြေးသွားလိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now