456 - 460

260 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 456 ) ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်း

ပတ်ဝန်းကျင်ရှိလူများက လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြန်သည်။

တိုက်ပွဲမစသေးသော်လည်း နန်းတော်ရှင်များဟာ လုမင်၏ ဝိညာဉ်မြက်တစ်ခုအတွက် အမှန်တကယ် ပြိုင်ဆိုင်ကြချေပြီ။  ကမ်းလှမ်းမှုများကလည်း  အမှန်တကယ်ပင် ကြောက်စရာကောင်း၏။

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းဟူသော စကားက လူများစွာ၏ စိတ်ဝိညာဉ်ကို  အမှန်တကယ် တုန်လှုပ်စေတော့သည်။

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်း... ယင်းက မည်သို့သော သဘောတရားပင်နည်း။ လူအတော်များများဟာ သူတို့တစ်ဘဝလုံး ဤပမာဏအား မမြင်ခဲ့ရဖူးပေ။

မိုးကြိုးနန်းတော်ရှင်ပင် မျက်လုံးပြူးကာ လိုချင်သွားမိ၏။ သို့ရာတွက် သူ့ဂုဏ်သိက္ခာကြောင့် မသိကျိုးကျွံ ပြုနေတော့သည်။

သို့သော်လည်း သူ့စိတ်ထဲတွင် ဓားသဏ္ဍန်မြက်အား ရယူလိုစိတ် အလွန် ပြင်းပြနေ၏။ အကယ်၍ လုမင်ကသာ ဓားသဏ္ဍန်မြက်ကို အခြားနန်းတော်ရှင်များအား ရောင်းလိုက်လျှင် သူမျှော်လင့်ချက် မဲ့သွားပေလိမ့်မည်။

"ဆရာကြီးတို့ခင်ဗျာ"
ထိုစဉ် လုမင်က ကောင်းကင်ယံရှိ နန်းတော်ရှင်များကို ဦးညွတ်ပြီး လက်ယှက်ကာ ပြောလိုက်သည်။
"ဆရာကြီးတို့.. ကျွန်တော် ပြောစရာတစ်ခုရှိပါတယ်... ပြောခဲ့သလိုပဲ ဒီဓားသဏ္ဍန်မြက်ကို ကျနော်က လောင်းကြေးအဖြစ်ပဲ သုံးရအုံးမှာပါ..။ အဲတာကြောင့် သူ့ကိုအနိုင်ယူပြီးမှ ရောင်းမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး"

"ဒါက..."
ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက်  နန်းတော်သခင်အချို့က ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ ပရိသတ်ကလည်း လုမင်ကို မိုက်မဲသူဟု တိတ်တဆိတ်ပြစ်တင် ကြိမ်းမောင်းလိုက်၏။ နန်းတော်ရှင်များက ဈေးကြီးကြီးပေးနေသည့်တိုင် အနှီလုမင်က မရောင်းသေးပေ။ သူက အောင်ပွဲခံပြီးမှ ရောင်းချရန် အမှန်တကယ် ဟန်ပြင်နေ၏။ ယင်းက ဖြစ်ရော ဖြစ်နိုင်ပါ၏လော။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now