အခန်း (၁)

23.2K 815 52
                                    


အခန်း (၁) : အရိုက်အရာကျ မင်းသား

ရှေ့ပြေး :

"ဟားဟား....... ရိုယင်.... နောက်ဆုံးမှာ ငါ သွေးကြောဖွင့်ဆေးကို ငါဖော်ထုတ်နိုင်ခဲ့ပြီ..... ငါ အောင်မြင်သွားပြီ...." ရှုပ်ပွနေသည့် စမ်းသပ်ခန်းအတွင်းတွင် မိုဝူကျီသည် ကြွေပုလင်းလေးကို လက်ထဲဆုပ်ကိုင်ထားရင်း ရူးသွပ်သွားသကဲ့သို့ ရယ်မောနေခဲ့၏။

"ခွမ်း......" ဖန်ခွက်သည် မြေပြင်ပေါ်ကျသွားပြီး ဖန်စများက နေရာတိုင်းသို့ လွှင့်စင်သွားလေသည်။ ကြက်သွေးရောင်ဝတ်ဆင်ထားသည့် မိန်းမလှလေးသည် တံခါးပေါက်တွင် ရပ်နေရင်း အူတက်လုမတတ် ရယ်မောနေသည့် မိုဝူကျီကို ကြောင်ကြည့်နေမိသည်။ ခဏကြာပြီးသည့်နောက်တွင် သူမသည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည် "ဝူကျီ... ရှင် အောင်မြင်သွားပြီလား.... အမှန်တကယ် အောင်မြင်သွားတာလား...."

မိုဝူကျီသည် အပေါက်ဝတွင် ရပ်နေသည့် မိန်းမလှလေးကို ငေးကြည့်နေသည်။ သူသည် ရိုယင်က သူ့ဆီ လက်ဖက်ရည်လာပို့မယ်ဆိုတာကို သိ၏။ ဤသတင်း အပိုင်းအစလေးသည် ရှားရိုယင်အား အလွန်အမင်း အံ့သြသင့်စေခဲ့ပြီး သူမလက်ထဲမှ ဖန်ခွက်လည်း ကျကွဲသွားခဲ့သည်။

"ရိုယင်..... ဒီတစ်ခေါက်တော့ လုံးဝအမှားအယွင်း မရှိတော့ဘူး.... ငါကိုယ်တိုင် ပုလင်းတစ်ဝက်ကို သောက်ပြီးပြီ.... ငါ့ရဲ့သွေးကြောတွေ ကျယ်ပြန့်လာပြီး မီးမြိုက်ထားသလို ပူလောင်နေတာကို ရှင်းရှင်းလင်းလင်း ခံစားသိနေတယ်.... အခုက ငါရဲ့ သွေးကြောတွေ ပွင့်နေဆဲပဲရှိသေးတယ်....ဒါပေမဲ့ ငါတို့အောင်မြင်သွားပြီ......"

ကြွေပုလင်းကို ကိုင်ထားသည့် မိုဝူကျီသည် မိန်းကလေးဆီ စိတ်လှုပ်ရှားစွာ လျှောက်လှမ်းသွားလိုက်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ "ရိုယင်.... မင်းအတွက်လည်း အရမ်းခက်ခဲခဲ့မှာပဲ..... ဒီနှစ်တွေမှာ ငါဒီအဖြေရဖို့ပဲ အာရုံစိုက်နေခဲ့မိတယ်.....မင်းကို ဂရုမစိုက်မိခဲ့ဘူး..... အဲဒီအစား မင်းကသာ ငါ့ကို ဂရုစိုက်ပေးခဲ့ရတယ်..... ငါတို့လက်ထပ်ကြစို့..... နောက်ကျရင် ငါတို့တွေ ဖြေဆေးကိုထုတ်ရောင်းပြီး ကုမ္ပဏီထောင်ကြမယ်လေ...... ငါတို့ရဲ့ လုပ်ငန်းက ကမ္ဘာအနှံ့ပြန့်သွားမယ်လို့ ငါယုံကြည်တယ်...."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now