အခန်း (၁၂၀)

1.2K 153 1
                                    


အခန်း (၁၂၀) : ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ စတင်ခြင်း

"ရှင့်ရဲ့ ရတနာ သွေးပဒုမ္မာကြာအတွက် ကျွန်မမှာ နှစ်တစ်သိန်း ထင်းရှူးသား ငါးခုရှိတယ် သုံးခု ရှင့်ကို ပေးမယ် ပြီးတော့ နှစ်တစ်သောင်း လုံယန်မြက် သုံးပင်ပေးမယ် ဘယ်လိုလဲ...."

မိုဝူကျီက ရတနာ သွေးပဒုမ္မာကြာက အတော်လေး အဖိုးတန်သည်ကို သိသော်လည်း အဆင့်သုံး ဆေးပင်မျှသာ ဖြစ်နေသေး၏။ နှစ်တစ်သိန်း ထင်းရှုးသား သို့မဟုတ် နှစ်တစ်သောင်း လုံယန်မြက်တို့ကား အဆင့်လေး ဆေးပင်တွေ ဖြစ်ကြသည်။ ထိုအရာများကို ရတနာ သွေးပဒုမ္မာကြာ တစ်ခုအတွက်ဖြင့် လဲလှယ်တာက သူ့အတွက် အကျိုးများစွာ ရလေ၏။ မုယင်က သူမတို့ ဆက်ဆံရေးနှင့် သူ့အပေါ် အမြင်တို့ကြောင့် ထိုမျှ ကမ်းလှမ်းခြင်း ဖြစ်ရမည်။

"ကျေးဇူးပါ စီနီယာမု ကျွန်တော် လဲချင်တာထက်တောင် ပိုပါတယ်.." မိုဝူကျီက တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။

"ကောင်းတယ် အဲဆို ချက်ချင်း လဲကြတာပေါ့...." မုယင်က ကျေနပ်မှုများစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမက အဆင့်လေး ဆေးပင်နှစ်ပင်ကို ထင်းရှုးသားအတွက် လဲလှယ်လိုက်ကာ မိုဝူကျီကို ထင်းရှုးသား သုံးခုနှင့် လုံယန်မြက် သုံးခု ပေးကာ လဲလှယ်လိုက်သည်။

မိုဝူကျီနှင့် အလဲအလှယ် ပြီးသည့်နောက်တွင် မုယင်က မေးလိုက်သည် "ဆေးလုံးသခင်မို ကျွန်မက ရှင့်ရဲ့ မိုဆေးနဲ့ အများအကျိုးပြုတာကို ကြားပြီးကတည်းက အရမ်းကို လေးစားနေခဲ့တာ ဒါနဲ့ အစေခံတပည့် အဖြစ်ဝင်ပြီးတော့ အဆင့်နှစ် ဆေးလုံးဆရာ ဘယ်လို ဖြစ်လာတာလဲ...."

အစကတည်းမှ မိုဝူကျီသည် မုယင်နှင့် ဆက်ဆံရေးကောင်းရှိရန် ကြံရွယ်ထား၏။ မုယင်က မေးသောအခါ မိုဝူကျီက ဘာကိုမှ ဖုံးကွယ်ထားမနေတော့ပေ "စီနီယာမု ကျွန်တော် အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာတဲ့ အဓိက အကြောင်းရင်းက စီနီယာ အစ်မယန်ရဲ့ အကူအညီကြောင့်ပါ စီနီယာ အစ်မယန်က ကျွန်တော့်ကို အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာဖို့ အခွင့်အရေးတွေပေးပြီး များစွာ သင်ပေးခဲ့လို့ပါ...."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now