အခန်း (၅၁)

1.4K 221 3
                                    


အခန်း (၅၁) : ကျင့်ကြံခြင်း အခြေခံကျင့်စဉ်


"အဲဒါကို ကြည့်ကြည့်လို့ရမလား...." မိုဝူကျီက အင်မော်တယ် မော်တယ် ကျင့်စဉ်ပေါ်မှ မျက်လုံးမခွာဘဲ သက်ပြင်းသာ ချမိလိုက်သည်။

သူ့တွင် တခြားသော နည်းလမ်းမရှိပေ။ သူ့ရှိသမျှ ပိုက်ဆံများသည် ကျင့်စဉ်တချို့သာ တတ်နိုင်လေသည်။

"ကိစ္စမရှိပါဘူး...." ဆိုင်အကူသည် ကျင့်စဉ်ကို မှန်ကောင်တာမှ ထုတ်ယူကာ မိုဝူကျီအား အပြုံးဖြင့် လှမ်းပေးလိုက်လေသည်။ သူ့တွင် တခြားသော ကျင့်စဉ်များအတွက် ထိုသို့ပြုမူခွင့် မရှိသော်လည်း အနည်းဆုံး ထိုကျင့်စဉ်အတွက် သူ့တွင် ဆုံးဖြတ်ပိုင်ခွင့် ရှိလေ၏။

မိုဝူကျီက ကျင့်စဉ်ကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် လူလတ်အမျိုးသားသည် ရယ်မောလိုက်ပြီး "ငါအကြံပြုချင်တာက မင်းကျင့်ကြံခြင်းမှာ တိုးတက်ချင်ရင် အမှတ်ထပ်စုဆောင်းပြီး လူသားအဆင့်မြင့် ကျင့်စဉ်ကို ရွေးသင့်တယ်.....အင်မော်တယ် မော်တယ် ကျင့်စဉ်က ဒီဆိုင်မှာပဲ အဲဒီနာမည်အသုံးပြုတာ ကျန်တဲ့ဆိုင်တွေမှာ အဲကျင့်စဉ်က တခြားနာမည်တစ်ခုရှိသေးတယ်....."

"တခြား ဘာနာမည်လဲ...." မိုဝူကျီ ကတိုက်တရိုက် မေးလိုက်လေ၏။

လူလတ်အမျိုးသားသည် မိုဝူကျီလက်မှ ကျင့်စဉ်ကို ညွှန်ပြပြီး "မင်းဖွင့်ကြည့်လိုက်တာနဲ့ တကယ့်နာမည်ကို တွေ့လိမ့်မယ်....."

ထို့ကြောင့် မိုဝူကျီသည် ကျင့်စဉ်ကို အမြန်အဆန် ဖွင့်လိုက်လေသည်။ "အင်မော်တယ် မော်တယ် ကျင့်စဉ်" စာလုံးများအောက်တွင် စာလုံးသေးလေးများဖြင့် "ကျင့်ကြံခြင်း အခြေခံ ကျင့်စဉ်" ဟု ပါရှိလေသည်။

မိုဝူကျီသည် ထိုစာလုံးများကို မြင်သည့်အခါ သူသည် သွေးအန်လုမတတ် ဖြစ်သွားလေသည်။ အကယ်၍ လူလတ်အမျိုးသားက သူ့အား သတိမပေးခဲ့ပါက သူသည် ထိုကျင့်စဉ်ကို ဝယ်ယူခဲ့လောက်ပြီ ဖြစ်၏။ နောက်ထပ်ရှိသည်က တစ်ယောက်ယောက်ကများ မေးသည့်အခါ သူက အင်မော်တယ် မော်တယ် ကျင့်ကြံနေပါသည်ဟု ပြောလျှင် ပြက်လုံး ဖြစ်သွားပေလိမ့်မည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now