အခန်း (၁၉၉)

1.2K 151 0
                                    


အခန်း (၁၉၉) : ထျန်းဂျီ ဂိုဏ်း၏ ကျင့်စဉ်

မိုဝူကျီက သူ့စိတ်စွမ်းအားကို တစ်ယောက်ယောက် သတိထားသွားမိမည်ကို စိုးရိမ်နေသောကြောင့် လမ်းလျှောက်နေရင်း တခြားကျင့်စဉ်တချို့ကို လှန်လှောနေလိုက်သည်။ ဤနေရာတွင် မလဲလှယ်သည့် ကျင့်စဉ်များအတွက် အဝေးယူမသွားစေရန် ကြိုးပါးလေး တွယ်ကပ်ထားလေသည်။ မြန်မြန် လှန်လှောကြည့်ရှုလျှင်ပင် ရှေ့ဆုံးစာရွက်အချို့သာ မြင်ရပြီး နောက်ပိုင်းများကို ချိတ်ပိတ်ထားလေသည်။

လမ်းလျှောက်လိုက်၊ ရပ်လိုက်ဖြင့် မိုဝူကျီက "အင်မော်တယ် " ပါဝင်နေသည့် ကျင့်စဉ်တော်တော်များများကို တွေ့ပြီးသွားလေပြီ။ သို့သော်လည်း မိုဝူကျီက ဤ "အင်မော်တယ်" ကျင့်စဉ်များသည် လူသားအဆင့် ကျင့်စဉ်များ ဖြစ်နေကြောင်း သိသည့်အခါ မချိတင်ကဲ ပြုံးလိုက်လေသည်။ သူတို့သည် မျက်စိထဲ ထင်းနေသည့် အင်မော်တယ် မော်တယ် ကျင့်စဉ် မဟုတ်ပေ။

အစပိုင်းတွင် မိုဝူကျီက သိပ်၍ မစိုးရိမ်ပေ။ အင်ပါယာငါးခုလုံးမှ ကျင့်စဉ်များက ဤနေရာတွင် စုစည်းနေခြင်းနှင့်အတူ အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ သာမာန်ဖြစ်၍ သူ့အတွက် အင်မော်တယ် မော်တယ် ကျင့်စဉ် ဒုတိယအတွဲကို ရှာဖို့ရာ လွယ်ကူပေလိမ့်မည်။

သို့သော် နေ့ဝက်ကုန်ဆုံးသွားသည့်အတွက် မိုဝူကျီက မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်တချို့ကို မြင်လိုက်သော်လည်း သူတို့အားလုံးက ရွမ်အဆင့်မှ ဖြစ်ကြသည်။ ထိုအရာများက သာမာန်ကျင့်စဉ်များ ဖြစ်ကြပြီး သူ ကျင့်ကြံနေသည့်အရာနှင့် အတူတူပင် ဖြစ်၏။ သို့သော်လည်း သူလိုအပ်နေသည်က အင်မော်တယ် မော်တယ်ကျင့်စဉ် နောက်ဆက်တွဲ ဖြစ်ကာ သူအသုံးပြုနေသော လူသားအဆင့် ကျင့်စဉ် မဟုတ်ပေ။

နောက်တစ်နာရီ ကျော်လွန်သွားသော်လည်း မိုဝူကျီ အားထုတ်မှုများက အသုံးမဝင်သေးပေ။ သူလိုချင်တာသာ ရှာမတွေ့လျှင် သူက တခြားကျင့်စဉ်တစ်ခုကို ပြောင်းရှာရမည် ဖြစ်သည်။ ဤနေရာတွင် မြေကမ္ဘာအဆင့် ကျင့်စဉ်များ မရှားပါးလှပေ။ ယခင်က သူက အမှတ် ၉၀၀၀ ရှိသော မြေကမ္ဘာ ရတနာ အဆင့် ကျင့်စဉ်တစ်ခုကို တွေ့သေးသည်။ သူက ထိုအရာများအားလုံးကို လျှစ်လျုရှုလျှင်ပင် သူ့တွင် မြေကမ္ဘာအဆင့် ကျင့်စဉ် တစ်ခု ရှိသေးသည်။ ထိုကျင့်စဉ်က သူ့စစ်ပွဲမှ ရရှိခဲ့ခြင်း ဖြစ်ရာ သူက နယ်ခြားကျင့်ကြံသူ သိုလှောင်အိတ်အတွင်းမှ ရရှိထားခြင်း ဖြစ်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now