အခန်း (၁၅၉)

1.1K 147 2
                                    


အခန်း (၁၅၉) : ရှင်သေချာပေါက် သေလိမ့်မယ်

မိုဝူကျီက အမှတ်မထင် လှည့်ကြည့်လိုက်သောအခါ အံ့ဩတကြီး ဖြစ်သွားလေ၏။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံး သို့မဟုတ် ကမ္ဘာမြေတစ်ခုလုံးတွင် မိုဝူကျီက ထိုမျှ လှပသော အမျိုးသမီးကို မမြင်တွေ့ဖူးပေ။

သူမ၏ မထူးမခြားနားဖွယ် အမူအယာက နှလုံးခုန်မြန်စေသည့် သူ့မ မျက်နှာအစိတ်အပိုင်းများနှင့် အချိုးကျသော ကောက်ကြောင်းကို ဖုံးမထားနိုင်ချေ။ ပြေပြေလေးနှင့် လှပသော မျက်ခုံးနှစ်ဖက်က အစ ကြည်လင်တောက်ပေနေသော မျက်ဝန်းလေး၊ ဖြောင့်စင်းနေသည့် နှာတံလေး အပါအဝင် သူမ သွင်ပြင်က လက်ရာမြောက် အနုပညာ တစ်ခုကဲ့သို့ ချွင်းချက်မရှိ ပြီးပြည့်စုံလှ၏။ သူမ၏ အနီရောင်နှုတ်ခမ်း ဖူးဖူး လေးက သူမ အလှတရားအားလုံးကို ပို၍ ပြီးပြည့်စုံစေသည်။

မိုဝူကျီက ကိုယ်ရောင်ကိုယ်ဝါ ဖြာထွက်နေသော သူမကို ကြည့်နေရင်း "ဟာရက နတ်သမီး" ကို အမှတ်ရမိစေ၏။

လူတစ်ယောက်က ထိုမျှ လှပရက်သည်လား...

"ဒီက တာအိုမိတ်ဆွေ ရှင့်ရဲ့ ကျောက်စိမ်းပြား..." မိုဝူကျီ၏ အမူအယာကို မြင်ပြီး အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်မှ ချစ်စရာ မိန်းမငယ်လေးက သူ့ကို လှမ်းခေါ်လိုက်သည်။ သူမက မိုဝူကျီသည် မလေးမစား ပြုမူနေသည်ဟု မတွေးပေ။ ထို့အပြင် သူမလည်း စီနီယာအစ်မစုယင်ကို မြင်မြင်ချင်းက အမှန်တကယ် အံ့ဩတကြီး ဖြစ်သွားဖူး၏။

မိုဝူကျီ စိုက်ကြည့်ခြင်း ခံရသောကြောင့် အမျိုးသမီး ကျင့်ကြံသူက မျက်မှောင်ကျူတ်မိသွားသည်။ မိုဝူကျီက အသိစိတ် ပြန်ကပ်လာပြီး သူမကို အားနာစွာ ပြုံးပြလိုက်သည်။

ထို့နောက် သူက လျှပ်စီးအခန်း ကျောက်စိမ်းပြားကို လက်ခံယူလိုက်ပြီး

"ကျေးဇူး"

ဟု ရိုးရှင်းစွာ ပြောပြီး မြန်မြန် ထွက်သွားလေ၏။

သူ့တွင် ထိုအမျိူးသမီးနှင့်ပတ်သတ်၍ အတွေးများစွာ မရှိပေ။ အမျိုးသမီး တစ်ယောက်က ထိုမျှ လှလှပပ ကြီးပြင်းလာရလားဟုသာ အံ့ဩမိသွားခြင်း ဖြစ်၏။ သူ့အတွေးထဲတွင်ပင် ထိုသို့ အလွန် လှပသော အမျိုးသမီးကို စိတ်ကူးယဉ် မကြည့်ဖူးပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now