အခန်း (၂၁)

2.1K 257 1
                                    


အခန်း (၂၁) : လွတ်မြောက်မည့် လမ်းကြောင်းကို ရှာဖွေခြင်း


"သခင်..... သခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.... ဒါပေမဲ့လည်း ကျွန်တော်က သခင်တစ်ယောက်ဖြစ်ဖို့က မည်မျှ ခက်ခဲကြောင်း သိပါတယ်...... သခင်က တိုင်းပြည်အတွက် ဆက်တိုက် စိုးရိမ်နေရတယ်....... ဒန်းဟန်ဆေးလုပ်ငန်းမှာ ကျွန်တော့ ရှယ်ယာတချို့ပိုင်ပါတယ် ရှယ်ယာရံ အမြတ်ငွေက ကျွန်တော့လက်ကျန်တစ်ဘဝလုံး သုံးစွဲရန် လုံလောက်ပါတယ်....... ကျွန်တော်က ဆေးဖော်စပ်သူ မဟုတ်တဲ့အတွက် ရောင်းဖို့ နောက်ထပ်ဆေးကိုလည်း မဖော်စပ်နိုင်ပါဘူး......ဒါပေမဲ့လည်း ဒီမတော်တဆမှုအပြီးမှာ ဆေးဖော်စပ်မှုမှာ အနည်းငယ်စိတ်ဝင်စားမိလို့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ ဆေးဖော်စပ်ဖို့ သင်ယူရာမှာ အာရူံစိုက်ထားချင်တယ်...... ကျွန်တော်လည်း နောင်အနာဂတ်မှာ တိုင်းပြည်ရှိ ပြည်သူများအတွက် များများကူညီပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်မိတယ်........" မိုဝူကျီသည် သတိနှင့် အကြောက်တရားတွဲဖက်ကာ ပြောလိုက်သည်။

စစ်ထူချင်သည် မိုဝူကျီ၏ အဖြေကိုကြားကာ အနည်းငယ် အံ့သြသွားခဲ့၏။ မိုဝူကျီသည် အရိုက်အရာဆက်ခံမည့် ကိစ္စကြိုးပမ်းရာတွင် အလွန်အမင်း ဇွဲကောင်းလှ၏။ ထို့ကြောင့် စစ်ထူချင်သည် မိုဝူကျီသာ သူ့ကမ်းလှမ်းမှုကို လက်ခံသည်နှင့် သတ်မည်ဖြစ်ကြောင်း သိရှိမည်ကို မယုံကြည်ပေ။ မိုဝူကျီအတိတ်အကြောင်း သိသူများသည်လည်း သူ့ဆုံးဖြတ်ချက်အကြောင် အလွန်တရာ သိချင်နေကြ၏။ မိုမျိုးနွယ်စုရဲ့ မျိုးဆက်သည် သူ့အား အရိုက်အရာပေးသည့်အခါ မည်သို့ ငြင်းပယ်လိမ့်မည်နည်း......

"မင်းက ဆေးဖော်စပ်ခြင်းမှာ အမှန်တကယ် စိတ်ဝင်စားတယ်လား..... မင်း စိတ်ဝင်စားရင် ချင်ယွီဆေးဖော်စပ်ကျောင်းကို ဝင်ဖို့ ထောက်ခံပေးနိုင်တယ်......" ဆံဖြူနှင့် အကြီးအကဲတစ်ယောက်သည် ရှေ့တိုးလာကာ ပြောလိုက်၏။

လက်ရှိ မိုဝူကျီသည် ရူးသွပ်နေသည့် မိုရှင်းဟယ်နှင့် မတူချေ။ သူသည် ချက်ချင်း ဤအကြီးအကဲ၏ သဘောထားကို နားလည် သဘောပေါက်လိုက်၏။ အကြီးအကဲသည် သခင်ကို ကပ်ဖားရပ်ဖားလုပ်ချင်ပြီး တိုင်ပြည်တွင် သူ့ရာထူးလည်း မြင့်တက်စေရန် ပံ့ပိုးမှုကို ပြသခြင်း ဖြစ်၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now