အခန်း (၁၂၅)

1K 170 2
                                    


အခန်း (၁၂၅) : ၆၃၂

ဆေးလုံးသခင်မင်နင် အပါအဝင် ဒိုင်ငါးယောက်က ဆေးကြမ်းခင်း ၃၀၀ ဆီ ဖြန့်ကျက်သွားလိုက်ကြပြီး စစ်မှန်ခြင်း နတ်ဘုရားပန်းတစ်ခုစီတွင် သူတို့၏ အကဲဖြတ်မှုကို စတင်လိုက်တော့သည်။

ဤပြိုင်ပွဲတွင် ပါဝင်နိုင်ပြီး ထိပ်ဆုံး ၃၀၀ ထဲတွင် ပါနေသည့်အတွက် ထိုဆေးလုံးဆရာများက အားမနည်းလှချေ။ အယောက် ၃၀၀လုံး အပင်မပေါက်သည့်သူ ဟူ၍ မရှိပေ။ ထို့အပြင် မိုဝူကျီလိုမျိုး ၁၀ စင်တီမီတာလောက် ကြီးထွားလာသည့် ဖြစ်ရပ်ကား နည်းပါးလွန်း၏။

ခန့်မှန်းခြေ တစ်နာရီလောက် အကြာတွင် ဒိုင်ငါးယောက်က စင်မြင့်ပေါ် ပြန်သွားလိုက်ပြီး ဆေးလုံးသခင်မင်နင်က စင်အလယ်တွင် မတ်တပ်လျှက် ရှိနေသည်။

အားလုံးက ရလဒ်ထွက်လာပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။ ဆေးလုံးဆရာများက အသက်ပင် ရဲရဲမရှရဲဘဲ ဆေးလုံးသခင်မင်နင်၏ ကြေငြာချက်ကို စောင့်ဆိုင်းနေကြသည်။

ဆေးလုံးသခင်မင်နင်က မကြေငြာခင် လူထုကြီးကို ခေါင်းညိတ်ပြလိုက်သည် "ဒုတိယအဆင့်ပွဲစဉ်ရဲ့ ရလဒ်တွေကို ဆုံးဖြတ်ပြီးသွားပါပြီ အဆင့်နှစ်ခုလုံး ပေါင်းထားတဲ့ ရလဒ် ထိပ်ဆုံး အယောက် ၁၅၀ က ၈၁၊ ၇၁၁၊ ၁၀၂၁၊ ၉၈၊ ၃၄...."

သူ ပြုတ်မယ်မှန်း အသေအချာ သိနေသောလည်း မိုဝူကျီက မျှော်လင့်ချက်လေး ဆုပ်ကိုင်ထားရင်း ဆေးလုံးသခင်မင်နင်၏ ကြေငြာချက်ကို နားထောင်နေသည်။

မိုဝူကျီပင် မဟုတ်ပေ ကျန်သော ဆေးလုံးဆရာများမှာလည်း အတူတူ ဖြစ်သည်။ သူတို့သည် သူတို့၏ နံပါတ်ကို ကြားချင်နေကြ၏။

"၁၁၃၊ ၆၃၂၊ ၂ ....."

ဆေးလုံးသခင်က အယောက် ၁၅၀ လုံး ကြေညာပြီးသွားခဲ့လေပြီ။ မိုဝူကျီက ဝမ်းနည်းပက်လက် ဖြစ်နေလေ၏။ အယောက် ၁၅၀ ကြေငြာဖို့ရာ အချိန်များစွာ ကြာသင့်သော်လည်း အဘယ်ကြောင့် မြန်လွန်းနေသည်ဟု ခံစားနေရသနည်း....

"ပထမနှစ်ဆင့် အောင်မြင်သွားတဲ့ ဆေးလုံးဆရာတွေကို ဂုဏ်ပြုပါတယ် ပြီးတော့ နံပါတ်ကြေငြာခြင်း မခံရတဲ့ ဆေးလုံးဆရာများက ပြန်လို့ ရပါပြီ ကျွန်မတို့က တတိတပွဲစဉ်ကို ချက်ချင်း စတင်မှာ ဖြစ်ပါတယ် ....." ဆေးလုံးသခင်မင်နင်၏ အသံက ရှင်းလင်းစွာဖြင့် ဆေးလုံးဆရာတိုင်း၏ နားထဲသို့ ရောက်သွားလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now