အခန်း (၉၃)

1.3K 179 1
                                    


အခန်း (၉၃) : ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေး

မိုဝူကျီက ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင် နေရာ မြေပုံကို ထိုးပြလိုက်ပြီး "ဒီနေရာက တော်တော်လေး ကောင်းပုံပဲ အဆောက်အဦးက ရိုးရှင်းပြီးတော့ အဆင်ပြေတယ် နေရာလဲ အများကြီး ယူမထားတဲ့အတွက် နောက်ပိုင်းကျ တခြားဟာတွေပါ ထပ်ဆောက်လို့ ရသေးတာပေါ့.... ဒီနေရာကိုပဲ ရွေးလိုက်တော့မယ်..."

"ဆေးလုံးသခင်မို ဒီနေရာကို ရွေးချယ်မလို့လား ဒီနေရာက ဝိညာဉ်စွမ်းအားတွေက တော်တော် နည်းတယ်ဗျ ...." အထွတ်အထိတ် ဓားတောင် အခန်းကို တာဝန်ယူထားရသော တပည့်တစ်ယောက်က ပဒုမ္မာကြာ နေရာ၏ ဆိုးကျိုးကို ထုတ်ပြောပြလိုက်သည်။ မိုဝူကျီက လက်ခါပြလိုက်ကာ "ကိစ္စမရှိဘူး ကျင့်ကြံခြင်းတာ ထားလိုက်ပါ ဆေးလုံးဖော်စပ်ဖို့က အဓိကပဲ နေရာ ပြန်ဆောက်ပေးဖို့ လူတွေ လွတ်ဖို့ မလိုဘူး နဂိုအိမ်လောက်ဆိုရင် ငါ့အတွက် ကောင်းနေပြီ...."

မိုဝူကျီက ထိုသို့ ပြောလိုက်သည့်အတွက် ယွန်ချီနှင့် အထွတ်အထိပ် ဓားတောင် အခန်းမှ တပည့်များသည် ထပ်၍ အတွန့်မတက်တော့ချေ။ ပဒမ္မာကြာ အထွတ်အထိပ် ဓားတောင်တွင် သူ့အား နေရာချပေးရန် စီစဉ်မှုများ ပြီးစီးသွားခဲ့လေပြီ။

အမှန်တကယ်အားဖြင့် ဆေးလုံးဆရာများသည် အထွတ်အထိပ် ဓားတောင် နေရာ မရနိုင်ကြပေ။ သို့သော် မိုဝူကျီနှင့် ယန်ချင်ယင်တို့၏ ဆက်ဆံရေးကို ထည့်တွက်၍ ဂိုဏ်းကနေ ပေးခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် မိုဝူကျီအတွက် အထွတ်အထိပ် ဓားတောင်ကို စီစဉ်ပေးပြီးနောက်တွင် ဂိုဏ်းက ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်သို့ တပည့်တစ်ယောက်မှ စေလွှတ်မပေးခဲ့ပေ။

သုံးရက်အကြာတွင် မိုဝူကျီက ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်သို့ ပြောင်းရွေ့ခဲ့လိုက်သည်။

ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်ကား ဂိုဏ်းထဲတွင် လာရောက်သူ အနည်းဆုံး တောင်ထိပ်ထဲက တစ်ခု ဟု ယူဆ၍ ရလေသည်။ မြေနေရာကား ကျယ်ပြန့်ခြင်း မရှိသလို တောင်ထိပ်သည်လည်း အရမ်းမမြင့်ပေ။ အခြားသော တောင်ထိပ်များနင့် တစ်ခုတည်းသော ကွာခြားချက်က တောင်ထိပ်တွင် ရေကန်တစ်ခုပါရှိခြင်း ဖြစ်၏။ ထိုရေကန်ကား အစက ကွမ်လီသည် သွေးပဒုမ္မာများကို စိုက်ပျိုးရန် အသုံးပြုခဲ့သော်လည်း သူထွက်သွားပြီးနောက်တွင် အထွတ်အထိပ် ဓားတောင် တစ်ခုလုံးက လစ်လပ်သွားကာ ရလဒ်အနေနှင့် လာရောက်လည်ပတ်သူ တစ်ယောက်မှ မရှိတော့ချေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now