အခန်း (၆၈)

1.4K 197 1
                                    


အခန်း (၆၈) : သွေးပဒုမ္မာကြာကန်

မိုဝူကျီနှင့် ချင်ရှုန်းယု နှစ်ယောက်လုံးက ဝူခိုင်း၏ စီစဉ်ပေးမှုကို အလွန်ကျေနပ်နေကြ၏။

ထိုနေ့ညတွင် သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်း သင်္ဘောပျံနှင့် အတူ ထွက်ခွာလာစဉ် မိုဝူကျီ၏ စိတ်ထဲတွင် အလွန်အမင်း ပေါ့ပါးသွားလေ၏။ သူကား ချန်လောင်မှ ထွက်မလာခင်တွင် အထွဋ်အထိတ်ဓားမြို့တော်မှ လူများရောက်လာမည်ကို စိုးရိမ်နေမိသည်။

အကယ်၍ အထွဋ်အထိတ်ဓားမြို့တော်မှ ရှာတွေ့သွားပါက သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းသည် သူတို့ကို ပစ်ပယ်လိမ့်မည်ကို သေသေချာချာ သိ၏။

တစ်ရက်တာ ခရီးနှင်ပြီးနောက်တွင် သင်္ဘောပျံကား ဆင်းသက်လိုက်လေ၏။ အစေခံတပည့် တစ်ယောက်အနေနှင့် မိုဝူကျီသည် ဝူခိုင်းနောက်မှ နီးကပ်စွာ လိုက်ပါသွားလေသည်။

သင်္ဘောပျံသည် ကြီးမားကျယ်ပြန့်သော နေရာတွင် ဆင်းသက်လိုက်လေ၏။ ထိုနေရာတွင် လှေကားထစ်ပေါင်း ၄၀၀ မှ ၅၀၀ အထိ ရှိနေသာ မြင့်မားလှသည့် လှေကားရှိ၏။

လှေကားအဆုံးတွင် ဓားနှင့် ရေးထွင်းထားသော ကြီးမားသော စာလုံးသုံးလုံး "သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်း" ရှိလေ၏။ မိုဝူကျီက ဓားပညာရပ်များနှင့် မရင်းနှီးသော်လည်း ထိုမှ ထွက်ပေါ်နေသည့် ခြိမ်းခြောက်ဖွယ် အငွေ့အသက်ကို ခံစားမိ၏။

ထိုသို့ ရောက်ရှိပြီးနောက်တွင် အတွင်းစည်းနှင့် အပြင်စည်းတပည့် အသစ်များသည် ဂိုဏ်းအတွင်းသို့ ဝင်သွားကာ လူသစ်ကြိုဆိုခြင်း အခမ်းအနားကို ပါဝင်ဆင်နွဲရမည် ဖြစ်၏။ ချင်ရှုန်းယုက အခမ်းအနားသို့ တက်ရောက်ရမည် ဖြစ်သောကြောင့် မိုဝူကျီကို နှုတ်ဆက်စကား ပြောချိန်ပင် မရလိုက်ပေ။

အတွင်းစည်းနှင့် အပြင်စည်း တပည့်တို့ ဝင်သွားပြီးနောက်တွင် ဝူခိုင်းက အစေခံတပည့်ရာကျော်ကို ဦးဆောင်ခေါ်သွားလိုက်လေ၏။ ထိုအစေခံတပည့်များသည် သူတို့ကား အခမ်းအနားတွင် မတက်ရောက်နိုင်ချေ။ အကြောင်းမှာ သူတို့သည် ကျင့်ကြံဖို့မဟုတ်ဘဲ တခြားသော လုပ်စရာများ လုပ်ရန်အတွက် ဖြစ်လေ၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now