အခန်း (၁၁၃)

1.1K 167 0
                                    


အခန်း (၁၁၃) : လမင်းကိုးစင်း ဆေးလုံးအိမ်တော်

ယန်ချင်ယင်က မတ်တပ်ရပ်လိုက်ပြီး မိုဝူကျီ၏ အကျပ်အတည်းကို နားလည်လေ၏။ သူမသာ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းမှ ထွက်သွားခဲ့လျှင် မိုဝူကျီက သေချာပေါက် အသတ်ခံရလိမ့်မည်။ သူမလည်း ဂိုဏ်းမှ မကြာခင် ထွက်သွားရမည် ဖြစ်သည်။

"အကြီးအကဲရှု ဂိုဏ်းခေါင်းဆောင်က ပြောတာ မှန်တယ် သက်သေမရှိဘဲ ဆေးလုံးသခင်မိုက သူ့လွတ်လပ်ခွင့် ရှိသင့်တယ်..." ယန်ချင်ယင်က လေးလေးနက်နက် ပြောပြလိုက်သည်။ ဒုတိယအကြီးအကဲက သူ့မျက်လုံးထဲမှ လူသတ်ငွေ့ကိုပင် ထိန်းချုပ်မထားဘဲ ရိုးရှင်းစွာ ပြောလိုက်သည် "ဆေးလုံးသခင်မိုကို သူ့လွတ်လပ်ခွင့် ပိတ်ပင်နေတာ မဟုတ်ဘူး ဒါပေမဲ့ သူ့ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် ဆေးလုံးပြိုင်ပွဲကို ကိုယ်စားပြုခိုင်းတာတော့ စည်းမျည်းစည်းကမ်းတွေနဲ့ ဆန့်ကျင်နေတယ် ဆေးလုံးသခင်မိုက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို မသွားသရွေ့ သူ့ကို တခြားနေရာတွေကို မပိတ်ပင်ပါဘူး ပြီးတော့ ပြိုင်ပွဲက ကျွန်တော်တို့ဂိုဏ်းရဲ့ ဂုဏ်ဆောင်တွေ သွားကြမှာလေ နောက်ခံ မသန့်ရှင်းတဲ့သူတွေ သွားဖို့ သေချာပေါက် ခွင့်မပြုနိုင်ဘူး..."

ယန်ချင်ယင် အမူအယာက ပြောင်းလဲသွားလေသည်။ ဒုတိယ အကြီးအကဲက မိုဝူကျီကို သတ်ရန် စိတ်အားထက်သန်နေ၏။

ဒုတိယအကြီးအကဲက ဆေးလုံးသခင်မိုကို သွားချင်သည့် နေရာ သွားနိုင်သည်ဟု ပြောသော်လည်း လက်တွေ့တွင် သူမသာ သူ့ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကိုသာ ခေါ်မသွားခဲ့လျှင် သူသွားနိုင်သည့် တစ်ခုတည်းသောနေရာကား သူ့အုတ်ဂူသာ ဖြစ်လိမ့်မည်။

ယန်ချင်ယင်က တစ်ခုခု ဝင်ပြောခါနီးတွင် ဂိုဏ်းခေါင်းဆောင် ဂူရန်က ပြောလိုက်သည် "ဒုတိယ အကြီးအကဲ ပြောတဲ့အတိုင်း လုပ်ကြတာပေါ့ ဆေးလုံးသခင်မိုက အခုတလောတော့ ဂိုဏ်းထဲမှာပဲ ယာယီနေရဦးမယ် ဆေးလုံးသခင်မို ကျေးဇူးပြုပြီး အရင် ပြန်သွားလိုက်ပါ..."

"ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်.." မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ ခန်းမအတွင်းမှ ဆုတ်ခွာသွားလိုက်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now