အခန်း (၁၀)

2.7K 351 0
                                    

လူသားသစ္စာ

အခန်း (၁၀) : မှုန်ဝါးဝါး မျှော်လင့်ချက်

"ငါ့ရဲ့ ဒန်းဟန်ဆေးလုပ်ငန်းမှာ အဓိက ထုတ်ကုန်သုံးမျိုးရှိတယ်..... ပထမက သွေးဖြည့်ဆေးပဲ..... ဆေးက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက် အလွန်ကောင်းတယ်..... မင်းလည်း မြောက်ဖက်ပိုင်း ချင်စီရင်စုမှာ မွေးလာတဲ့အတွက် ချင်ယွီပြည်နယ်နဲ့ အိမ်နီးချင်းပြည်နယ်တွေ အချင်းချင်းကြားက ဖြစ်လေ့ရှိတဲ့ တိုက်ပွဲတွေကို မင်းသိမှာပါ.... အဲဒါကြောင့် ငါတို့ သွေးဖြည့်ဆေးက အရမ်းနာမည်ကြီးနေတာ....."

မိုဝူကျီသည် သူ့အမြင်ကို မဖော်ပြခဲ့ပေ။ သူသည် ထိုဖြစ်ရိုးဖြစ်စဉ်စစ်ပွဲများအကြောင်း အမှန်တကယ် မသိရှိချေ။

လုကျိုးကျွင်းသည် ဆက်လက်၍ ပြောလိုက်သည် "ဒုတိယတစ်ခုက အရိုးသန်မာဆေးပဲ.... ဒီဆေးကို ဝိညာဉ်ကြောမရှိတဲ့ သိုင်းသမားတွေ အသုံးပြုကြတယ်.... သူတို့ရဲ့ သိုင်းပညာလေ့ကျင့်မှု နဲ့ သူတို့စွမ်းဆောင်ရည် တိုးလာဖို့ ကူညီပေးနိင်တယ်....."

"သိုင်းသမားလား...." မိုဝူကျီသည် မယုံကြည်စွာ မေးလိုက်သည်။

လုကျိုးကျွင်းသည် ခေါင်းညိတ်ပြလိုက်ပြီး "ညီလေးမိုက နိုဘယ်ဆိုတော့ ဒီကိစ္စကို မသိတာ ဖြစ်နိုင်ပါတယ်..... အဓိက ဒီမှာ ဝိညာဉ်ကြောနဲ့ လူတွေက အရမ်းကိုနည်းပါးလွန်းတယ်..... အများစုက သေမျိုးဝိညာဉ်ကြောပဲရှိကြတယ်....အဲဒီကြောင့် သူတို့က အင်အားကို တိုးမြှင့်ပြီး သိုင်းပညာကို လေ့လာကြတယ်.....သိုင်းပညာ ကို ထိပ်ဆုံးထိ လေ့ကျင့်နိုင်ရင် ဝိညာဉ်ကြောရှိတဲ့ လူတော်တွေနဲ့ကို ယှဉ်နိုင်လိမ့်မယ်......"

လုကျိုးကျွင်းအမြင်အရ မိုဝူကျီ၏ အဖိုးသည် ဆေးဖော်စပ်သူဖြစ်ပြီး ဝိညာဉ်ကြောရှိသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် ထိုသို့သောမိသားစုမျိုးတွင် သိုင်းပညာကို အထင်သေးနှိမ်ချပြီး ထိုအကြောင်းမသိသည်မှာလည်း ပုံမှန်ကိစ္စဖြစ်လေသည်။

မိုဝူကျီသည် နှလုံးခုန်မြန်သွား၏။ အကယ်၍ သူ့တွင် ဝိညာဉ်ကြောမရှိခဲ့လျှင်တောင် သိုင်းပညာကို လေ့ကျင့်ဖို့ ဖြစ်နိုင်သေးတယ်မလား.....

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now