အခန်း (၁၁၂)

1.1K 161 8
                                    


အခန်း (၁၁၂) : ဖော်ထုတ်ခြင်း

မိုဝူကျီက ပဒုမ္မကြာ ဓားတောင်သို့ ချက်ချင်း မပြန်သွားဘဲ ဆေးဘုရင် တောင်ထိပ်ဆီ ယန်အာကို ခေါ်ရန် သွားလိုက်သည်။ သူ့မျှော်လင့်ချက် အားလုံးကို ယန်ချင်ယင်အပေါ်တွင် ပုံအပ်မထားလိုပေ။ ထို့အပြင် ယခု သူက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်နေပြီ ဖြစ်၍ ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် ဆေးလုံး ပြိုင်ပွဲကို ဝင်ဖို့ရာ အခြားနည်းလမ်းများ ရှိလောက်မည်။

"စီနီယာအစ်ကိုမို ညီမလေးယန်အာ..." မိုဝူကျီက ယန်အာနှင့် ပြန်လာသည်ကို မြင်၍ ဖေးပင်းကျူက အမြန်အဆန် ရောက်လာကာ နှုတ်ဆက်လိုက်သည်။

"ကိစ္စတစ်ခုခုများ ထူးသေးလား..." ဖေးပင်းကျူ၏ အမူအယာကို ကြည့်ပြီး မိုဝူကျီက တစ်ခုခု ရှိကြောင်း ပြောနိုင်သည်။ ထို့အပြင် သူက ဆေးဖော်စပ်ခန်း ၁၉တွင် နေတာ အတော်ကြာသွားခဲ့၏။

ဖေးပင်းကျူက စိုးရိမ်နေဟန်ဖြင့် "ဟုတ်တယ် မနေ့က ဒုတိယအကြီးအကဲက လူတချို့ လွတ်လိုက်သေးတယ် သူက စီနီယာကို ဆေးဖော်စပ်ခန်းက ပြန်ရောက်တာနဲ့ လာတွေ့ဖို့ မှာသွားတယ် ပြီးတော့ ဟိုမန်ကောင်စုတ်ရဲ့ နောက်ခံကလဲ ဒုတိယအကြီးအကဲတဲ့....."

မိုဝူကျီက ချင်ရှုန်းယု၏ မောင်လေး ချင်ချန်းကို အမှတ်ရမိသွား၏။ သူ့ဆရာကလဲ ဒုတိယအကြီးအကဲ မဟုတ်လား.... မန်ပိုယူ၏ ကျောထောက်နောက်ခံကလဲ ဒုတိယအကြီးအကဲ ဖြစ်လိမ့်မည်ဟု ထင်မထားမိပေ။

"ပင်းကျူ ရတနာ သွေးပဒုမ္မာကြာက အရွယ်ရောက်ရောက် မရောက်ရောက် နှုတ်ထားလိုက်တော့...." ကိစ္စများက ဒုတိယအကြီးအကဲထိ ရောက်ပြီးသောကြောင့် ပို၍ ဒုက္ခများလာလိမ့်မည်။ ထပ်၍ မဆွေးနွေးခင် ရတနာ သွေးပဒုမ္မာကြာကို ဖေးပင်ကျူက ရထားဖို့ ပထမဆုံး ဖြစ်သည်။

သူကထပ်ပြောလိုက်သည် "အားလုံး သိမ်းထားလိုက်တော့ အချိန်မရွေး ထွက်သွားနိုင်အောင် ပြင်ဆင်ထား... "

ဒုတိယအကြီးအကဲက သူ့အား စုံစမ်းပြီးသွားသောကြောင့် ယန်ချင်ယင် ပြန်ရောက်လာလျှင်ပင် သူက ထွက်သွားရမည် ဖြစ်သည်။ သူက ဤနေရာတွင် နေပြီး သူ့ကံကို မစမ်းနိုင်ပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now