အခန်း (၁၈၄)

1.2K 135 0
                                    


အခန်း (၁၈၄) : မဟာမိတ် အထောက်အကူပြု အမှတ်

"ဟုတ်တယ် အင်မော်တယ် မော်တယ်ကျင့်စဉ်လေ .... " မိုဝူကျီက ခိုင်မာစွာ ပြောလိုက်သည်။ ဤကျင့်စဉ်သည် လမ်းမပေါ် အနှံ့အပြား ရောင်းချနေ၍ မိုဝူကျီအနေနှင့် လျို့ဝှက်ထားစရာ အကြောင်း မရှိပေ။

ခဏအကြာတွင် ချိန်စုယင်က သူမ သတ္တိများကို စုစည်း၍ "ဂျုနီယာမောင်လေးမို အဲဒါက ဝိညာဉ်စွမ်းအား အခြေခံလှည့်ပတ်ခြင်း ကျင့်စဉ် မဟုတ်ဘူးလား ... "

မိုဝူကျီက အနည်းငယ် ကသိကအောက်ဖြင့် ပြောလိုက်သည် "စီနီယာအစ်မပြောချင်တာ ဒီကျင့်စဉ်ရဲ့ တခြားနာမည်မလား ဒါပေမဲ့ ဒီကျင့်စဉ်မှာ အမှန်တကယ် အင်မော်တယ် မော်တယ် သဘောတွေ ပါဝင်နေတာ ... "

ချိန်စုယင်က မိုဝူကျီကို ဝေ့ကြည့်ကာ 'ကျွန်မပြောချင်တာလို့ ပြောတာ ဘာအဓိပ္ပါယ်လဲ ... အဲဒါက ရောင်းအားကောင်းဖို့အတွက် နာမည်ပေးထားတာ မဟုတ်ဘူးလား။ အဲဒီကျင့်စဉ်က အခြေခံကျင့်စဉ်ဖြစ်နေတော့ ရှင်က ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်မှာပဲ ရှိဦးမှာ ပိုသေချာသွားပြီ ... အဲကျင့်စဉ်မှာ စိတ်ဝိညာဉ်နံရံ တည်ဆောက်ဖို့ နည်းလမ်းလည်း မပါပါဘူး .. '

မိုဝူကျီက ချိန်စုယင်စိတ်ထဲမှ အတွေးကို မသိပေ။ သူ့တွင် ဆရာ မရှိဘဲ စိတ်ဝိညာဉ်တည်ဆောက်ခြင်း အကြောင်း ဗဟုသုတနည်းနည်းသာ ရှိလေသည်။ သူက ၁၀၀ ခုမြောက် ချီသွေးကြောကို ဖွင့်ပြီး စိတ်ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၁၂ ကို တက်လှမ်းပြီးနောက် သူက စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိခြင်း ဖြစ်သည်။ သူက စိတ်ဝိညာဉ်ကို တည်ဆောက်ဖို့ပင် မလိုအပ်လိုက်ပေ။ အကြောင်းမှာ ဝိညာဉ်စွမ်းအားလှိုင်းများ ပေါင်းစပ်သွားပြီးနောက်တွင် နံရံဖြစ်တည်လာခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်တည်ဆောက်ပြီးသည်နှင့် မိုဝူကျီက စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့် ၉ မရောက်ခင်အထိ သူ့လှည့်ပတ်ခြင်း လမ်းကြောင်းအတိုင်း ဆက်၍ ကျင့်ကြံမည် ဖြစ်သည်။ ယခုအချိန်ထိ သူက ကျင့်ကြံခြင်း အတားအဆီးနှင့် မကြုံရသေးချေ။ အကြောင်းမှာ သူက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ကျော်ပြီးနောက်တွင် အတားအဆီးနှင့် မကြုံတွေ့ရသေးပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now