အခန်း (၁၈၁)

1.1K 138 0
                                    


အခန်း (၁၈၁) : ချိန်စုယင်နှင့် အပေးအယူ

မိုဝူကျီ ထွက်သွားမည်ကို မစောင့်ဘဲ ချိန်စုယင်က သူရှေ့ကနေ တားဆီးထားလိုက်သည် "ဂျုနီယာမောင်လေးမိုကို အခုတလော ဘာလို့ မမြင်မိတာလဲ ... "

မိုဝူကျီက ကိုးရို့ကားယား ပြုံးပြလိုက်ရင်း "စီနီယာအစ်မချိန် အခု တွေ့နေပြီပဲလေ မဟုတ်ဘူးလား ... ကျွန်တော်က အခုတလော ဒီနား အမြဲတမ်း သွားလာနေတာပါ ... "

"ဟုတ်လား ... ဒါပေမဲ့ အခြားလူတွေဆီက မင်းက အခုမှ ဂိုဏ်းးကို ပြန်ရောက်လာတာလို့ ကြားထားတယ်။ ငါ ဒီကို မြန်မြန် ရောက်လာပေလို့ပေါ့ မဟုတ်ရင် ထပ်လွဲသွားဦးမှာ ..." ချိန်စုယင်က ငေါ့တော့တော့ ပြောလိုက်သည်။

မိုဝူကျီက ချိန်စုယင်သည် သူ့နောက်ကို ဂိုဏ်းမှ ကောင်းကင်ဖွေရှာမြို့ အထိ လိုက်ပါလာကြောင်း မပြောနိုင်လျင် သူ အရူးသာ ဖြစ်လိမ့်မည် "စီနီယာအစ်မချိန် ... ကျွန်တော့်ရဲ့ လျှပ်စီးပညာရပ်က နည်းနည်းထူးဆန်းနေတာ သိပါတယ် အဲဒါကြောင့်လည်း အတင်းကျင့်ကြံရင် သေသည့်အထိ ဖြစ်နိုင်တယ်လို့ သတိပေးလိုက်သေးတယ်လေ။ တကယ်လို့ စီနီယာအစ်မချိန်က ကျင့်ကြံနေရင်း ပြဿနာရှိလို့ ကျွန်တော့်ကို ရှာတာဆိုရင် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူးလေဗျာ .. "

မိုဝူကျီက လက်မောင်းကို ဆန့်ထုတ်ရင်း မိမိဘာသာ တွေးလိုက်တော့သည်။ ကိစ္စများက ထိုအခြေအနေအထိ ရောက်လာမှတော့ သူမ လုပ်ချင်တာ လုပ်ပါစေတော့ ....

ချိန်စုယင်က အေးစက်စွာ ပြောလိုက်သည် "အို .. ရှင်က ကျွန်မကျင့်ကြံခြင်းမှာ အခက်တွေ့ပြီးတော့ ရှင့်ကိုလာရှာတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ ... ဒီကျင့်စဉ်မှာ ပြဿနာရှိနေတာ သိပြီးသား မလား.."

မိုဝူကျီက ကိုယ့်ဘာသာ တွေးမိလိုက်သည်။ ခင်ဗျားမျက်နှာက ဖြူဖျော့နေတာလေ ပြီးတော့ ခင်ဗျား သဘာဝဓာတ်က ရေခဲ ဖြစ်နေရက်နဲ့ ခန္ဓာတွင်း လောင်မြိုက်တဲ့ ကျင့်စဉ်ကို ရွေးကျင့်ကြံသေးတာလေ ... သဘာဝဓာတ်တွေ အချင်းချင်း တိုက်ပြီးတော့ ကျင့်ကြံခြင်းမှာ ပြဿနာတက်တာ မပြောနိုင်ရင် ကျုပ်တော့ ကျင့်ကြံခြင်းက နှုတ်ထွက်လိုက်မယ် ဟုတ်ပြီလား ...

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now