အခန်း (၁၉၀)

1K 145 5
                                    


အခန်း (၁၉၀) : သေရေးတမျှ အခြေအနေမှ ရှင်သန်လာခြင်း

"ဗြုန်း ....." မိုဝူကျီ စိုးရိမ်မှုများက လက်တွေ့ ဖြစ်ပျက်လာလေသည်။ သူ့လျှပ်စီးတောင်ကြားကား ပြိုကျသွားလေပြီ။ တောင်ကြားမှ ဘေးဖက်နံရံများက စတင်၍ ပြိုကျလာတော့သည်။ တောင်နံရံက ပြိုကျသွားသောကြောင့် သူ့အင်မော်တယ် ဂူလည်း ချန်မထားခဲ့ပေ။

သူ့ခုခံရေး အစီအရင်သည် အားကောင်းသော သဘာဝစွမ်းအားများ ထိတွေ့မှုကြောင့် ဟာသတစ်ခုသာ ဖြစ်သွားလေသည်။ တစ်ချက်လေးတောင် မခုခံနိုင်လိုက်ပေ။

မိုဝူကျီက မျက်နှာတွင်‌ ပေတူးနေပြီး လျှပ်စီးတောင်ကြားအပြင်ဘက် တွင်းထောင့်မှ ဖုန်မှုန့်များကြား ကုန်းရုန်းထလာလိုက်တော့သည်။

လေးယောက်သား မပြောနိုင်ခင် မိုဝူကျီက လက်ဟန်ပြကာ ပြောလိုက်တော့သည် "ခင်ဗျားတို့တွေ ဆက်တိုက်ကြပါ၊ ကျွန်တော်က ဒီအတိုင်း ဖြတ်သွားရုံလေးပါဗျ .." ပြောပြီးသည့်နောက် မိုဝူကျီက နောက်ဆုတ်လိုက်တော့သည်။

မိုဝူကျီ တစ်ယောက် တောင်ကြားမှ ထွက်ပြေးသွားသည့် အခါမှ လေးယောက်သား အံ့ဩသွားတော့သည်။ လူငယ်ဖြစ်သည့် မိုဝူကျီတွင် ဝိညာဉ်စွမ်းအားများ မရှိသည်ကို တွေ့၍ သခွားသီးပုတိုနှင့် မျက်နှတည် အမျိုးသားတို့က သူ့ကို လေကဲ့သို့ပင် သဘောထားလိုက်ကြသည်။ သူတို့က မိုဝူကျီကို ဆက်၍ ဂရုမစိုက်ဘဲ ပဝါမည်း အမျိုးသမီးနှင့် ရိုးရိုးလေးချီကိုသာ ဆက်တိုက်ခိုက်ကြတော့သည်။

တစ်ဖက်တွင် ရိုးရိုးလေးချီနှင့် ပဝါမည်း အမျိုးသမီးက ပျော်ရွှင်သွားကြသည်။ သူတို့က မိုဝူကျီကို ရှာနေတာ ဖြစ်ပြီး ဤလျှပ်စီးတောင်ကြားတွင် မိုဝူကျီ ပုန်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူတို့သာ ထိုနှစ်ယောက်နှင့် မတွေ့မိလျှင် သူတို့က မိုးကြိုးမြူတော တစ်တောလုံးကို မြေလှန်ရှာလျှင်ပင် ထိုကလိမ်ကကျစ် ဉာဏ်များသည့် ကလေးစုတ်ကို ရှာတွေ့မည် မဟုတ်ပေ။ ရိုးရိုးလေးချီက နှာခေါင်းရှုံကာ မင်းမေဘကြီး ဖြတ်သွားရုံတဲ့လား ... မင်းကို ဒီကို ရောက်လာမှတော့ လွတ်မပေးနိုင်ဘူး ..

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now