အခန်း (၆၆)

1.4K 201 0
                                    


အခန်း (၆၆) : လူသတ်သမား

မိုဝူကျီက တင်းဘူအာသည် သူတို့အတွက် စိုးရိမ်နေသော်လည်း သူ့မျက်လုံးမှ ချုပ်တည်းမရသော ပျော်ရွင်မှုကို တွေ့မြင်နိုင်၏။

"ဂိုဏ်းကနေ ရွေးချယ်ခံလိုက်ရပြီလား.....ဂုဏ်ယူပါတယ်ကွာ...." မိုဝူကျီက တင်းဘူအာသည် နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံက ရွေးချယ်ပွဲတွင် အောင်မြင်လာကြောင်း တန်းပြောနိုင်၏။

တင်းဘူအာက သူ့စိတ်လှုပ်ရှားမှုကို အကောင်းဆုံးထိန်းချုပ်ကာ ရှင်းပြလိုက်သည် "ဟုတ်တယ်..... ကောင်းကင် မြေကမ္ဘာဂိုဏ်းရဲ့ ပြင်ပစည်းတပည့် အဖြစ် အရွေးခံလိုက်ရပြီ.....ဝူကျီ မင်းဝိညာဉ်ကြောတွေက သိပ်မကောင်းဘူးဆိုရင် မင်းလဲ ငါနဲ့အတူ ကောင်းကင်မြေကမ္ဘာ ဂိုဏ်းကို လိုက်ခဲ့ပါ့လား....."

မိုဝူကျီက လက်ပြတားလိုက်ပြီး "ရပါတယ်ကွာ.... ငါက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းကို သွားဖို့ လုပ်ထားတယ်....."

သူက ရှန်းလျဲ့ပြောသည့်အတိုင်း ဤနေရာမှ ထွက်သွားရန် နားမထောင်ခဲ့ပေ။ သူသည် ဂိုဏ်းတဂိုဏ်းကို ဝင်ဖို့ လိုအပ်လေ၏။ သူက တခြားသော သေမျိုးများကဲ့သို့ မကျင့်ကြံနိုင်သူ မဟုတ်ပေ။ သူ့တွင် သေမျိုးဝိညာဉ်ကြော ရှိသော်လည်း ကျင့်ကြံနိုင်၏။

အရေးကြီးဆုံးက အကယ်၍ သူထွက်သွားလျှင် ယန်အာကို မကယ်တင်နိုင်လောက်ချေ။

"ယန်အာ အဆင်ပြေရဲ့လား....." တင်းဘူအာသည် မိုဝူကျီက သူ့အတွက် ပျော်ပေးမှန်း သိ၏။

မိုဝူကျီက ပြန်မဖြေခင် သက်ပြင်းချလိုက်မိသည် "သူမက ဆိုးဆိုးရွားရွား ထိခိုက်ထားတာ..... ငါ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းကို ဝင်ပြီးတော့မှ သူမကို ကယ်ပေးဖို့ တောင်းဆိုကြည့်ရမှာ.... ငါ့ကိစ္စကို စိတ်မပူပါနဲ့ မင်းသာ ကောင်းကင်မြေကမ္ဘာဂိုဏ်းကို ဝင်ပြီးတာနဲ့ ကျင့်ကြံဖို့ အာရုံစိုက်ထား....."

"ငါ သေချာကို အာရုံစိုက်ပြီး လေ့ကျင့်ပါ့မယ်.... နောက်တစ်ခါ ငါတို့တွေ ပြန်ဆုံတဲ့ အချိန်ကျ အစ်ကိုကျန်းရီတို့‌ ဒေါ်လေးဆယ့်တစ်နဲ့ မင်းရယ် ငါတို့အားလုံး အခုနဲ့ လုံးဝခြားနားသွားလောက်ပြီ....." တင်းဘူအာက စိတ်အားတက်ကြွစွာ ပြောလိုက်လေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now