အခန်း (၁၆၆)

1.1K 152 0
                                    


အခန်း (၁၆၆) : သတ်ဖြတ်မှု

မိုဝူကျီက သူ့ဘာသာ တွေးလိုက်ကာ သူသာ ၁၀၀ခုမြောက် ချီသွေးကြောကို ဖွင့်နိုင်၍ စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းနိုင်သွားပါက ကောင်းကင်ဖွေရှာနန်းတော်လှေကားကို နောက်တစ်ကြိမ် ထပ်လာပြီး စမ်းကြည့်ရမည်။ ထိုသို့ဆိုလျှင် ဘယ်နှထစ်ထိ ရောက်မည်မှန်း ကြည့်ကြည့်ရအောင် ...

ကောင်းကင်ဖွေရှာနန်းတော်၏ အလုပ်ခန်းမသည် သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းထက် ပို၍ ကျယ်ဝန်းလေသည်။ အမျိုးမျိုးသော တာဝန်များကို ပြသထားပြီး သူတို့၏ ခက်ခဲမှု အဆင့်နှင့် ရမှတ်များအထိပါ ရေးချထားလေသည်။

မိုဝူကျီက ပျောက်ဆုံးကောင်းကင်မြို့ပျက်အတွက် တာဝန်ကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားလေသည်။ ထိုတာဝန်များတွင် မိုင်းတူးခြင်းနှင့် ဆေးပင်အမျိုးမျိုး ခူးယူခြင်းတို့ ပါဝင်လေသည်။ ပျောက်ဆုံးကောင်းကင်မြို့ပျက် မြေပုံကို စုဆောင်းခြင်း တာဝန်ပါ ရှိသေး၏။ မိုဝူကျီကို အံ့ဩစေသည်က ကောင်းကင်လမ်းပန်းကို ညွန်ဆိုထားခြင်း မရှိသည့် ကိစ္စဖြစ်လေသည်။ ချိန်စုယင်က သူ့ဆီ လျှပ်စီးပညာရပ် ရရန်အလို့ဌာ လိမ်ညာလိုက်တာလား ...

သို့သော်လည်း မိုဝူကျီက ထိုဖြစ်နိုင်ချေကို ပယ်ချလိုက်တော့သည်။ သူမ ပြောသည့်အကြောင်းအရာက ပြည့်စုံလှသည့်အတွက် လက်တန်းပြောသည်နှင့် မတူပေ။

"ပျံသန်းခြင်း အသင်း မှ ပျောက်ဆုံးကောင်းကင်မြို့ပျက်သို့ .. ဝိညာဉ်တည်ဆောက်ခြင်း အဆင့် ၇ ထက် မလျော့နည်းရ .. အဖွဲ့လိပ်စာ ဒုတိယထပ် အခန်း ၃၁ "

"ဦးတည်ရာ အသင်း မှ ပျောက်ဆုံးကောင်းကင်မြို့ပျက်သို့ ..လူတစ်ယောက်လိုအပ် ... အနည်းဆုံး လူသားအဆင့်လွန် အဆင့် တစ်တွင် ရှိရမည် "

"ပျောက်ဆုံးကောင်းကင်မြို့ပျက် အသင်း .. ဝိညာဉ်တည်ဆောက်ခြင်း အဆင့် ၄ ထက် မမြင့်ရ .. အဖွဲ့လိပ်စာ ဒုတိယထပ် အခန်း ၆၄ "

ပျောက်ဆုံးကောင်းကင်မြို့ပျက်သို့ ဝင်မည့် အဖွဲ့များ၏ အသိပေးစာကို ဖတ်ကြည့်ပြီးနောက်တွင် မိုဝူကျီက နောက်ဆုံးတွင် အခန်း ၆၄ သို့ ဦးတည်လိုက်တော့သည်။ သူ့ကျင့်ကြံဆင့်က ဝိညာဉ်လမ်းကြောင်းဖွင့်အဆင့် ဖြစ်နေသည့်အတွက် စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့် လေးသို့ မကျော်လွန်သေးပေ။ ထို့အပြင် ထိုတောင်းဆိုချက်သည် စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့် ၄ ထက် အားနည်းသော လူများအတွက် ဖြစ်ကာ အဖွဲ့အင်အားက ချရေးဖို့ပင် မလိုတော့ပေ။ သူ့အတွက်လည်း အန္တရာယ် ပိုကင်းနိုင်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now