အခန်း (၁၀၆)

1.1K 170 0
                                    


အခန်း (၁၀၆) : အကြောက်တရား ကင်းမဲ့သော

မိုဝူကျီကို မြင်သောအခါ ဖေးပင်းကျူက ရုန်းကန် ထလိုက်တော့သည်။ သူပါးနှစ်ဖက်ကား အရိုက်ခံထားရ၍ နီမြန်းကာ ယောင်ကိုင်းနေလေသည်။ သူ့ပါးစပ်ထောင့်တွင်လည်း သွေးများ ပေကျံနေလေ၏။ ထိုမှလွဲလျှင် ဓားဒဏ်ရာကြောင့် ရင်ဘတ်မှ သွေးများ စီးကျနေသည်။

မိုဝူကျီက ဖေးပင်းကျူကို ဆွဲထူလိုက်ပြီး ဒဏ်ရာ ပျောက်ကင်းဆေးလုံး တချို့ကို တိုက်ကျွေးလိုက်သည်။ သူ့တွင် ရှိနေသော ကုသဆေးလုံးများမှာ အဆင့်နှစ် အဆင့်မြင့်‌ ဆေးလုံးဖြစ်သည့်အတွက် ဖေးပင်းကျုက သောက်လိုက်သည်နှင့် ချက်ချင်းပင် သွေးတိတ်သွားလေ၏။

"ဆေးလုံးသခင်မို.." ဝူခိုင်းက ထစ်ငေါ့ ထစ်ငေါ့ ပြောလိုက်လေသည်။

"သူက ကျွန်တော့်ပစ္စည်းတွေ ယူသွားတာ .." အဝေးသို့ လျှောက်လှမ်းသွားနေသည့် ပုဂ္ဂိုလ်ကို ခက်ခက်ခဲခဲ လက်ညိုးထိုးကာ ပြောလိုက်သည်။

ပြောနေဖို့ မလိုပေ။ မိုဝူကျီက ထိုလူသည် ထွက်သွားရန် ကြိုးစားနေကြောင်း သတိပြုမိလိုက်သည်။ မိုဝူကျီ ချဉ်းကပ်လာသည်ကို မြင်၍ လှည့်ကာ ထွက်သွားခြင်း ဖြစ်သည်။ လက်ထဲတွင်လည်း တစက်စက် စိုနေသည့် သေတ္တာ တစ်လုံးကို ကိုင်ဆောင်ထားသေးသည်။

သို့သော် ပထမတွင် မိုဝူကျီက ဖေးပင်းကျူကို မြေပြင်ပေါ် ချထားပေးလိုက်ပြီး အပြစ်ကျူးလွန်ထားသော လူကို ရပ်တန့်ရန် သွားလိုက်သည် "တစ်ယောက်ယောက်ကို ရိုက်နှက်ပြီးတော့ ဒီအတိုင်း ထွက်သွားလို့ ရလား "

ထိုအမျိုးသားသည် အသက်သုံးဆယ် ကျော်လောက် ဖြစ်ကာ ဖြူဖပ်နေသော အသားရည်နှင့် ကျောတွင် ဆံပင်ရှည်ကို စီးကာ ချထားလေသည်။ ကြည့်ရသည်မှာ ချမ်းသာသည့် အမွေခံ ဖြစ်ပုံ ပေါ်၏။

ထိုအမျိုးသားက ပြန်မဖြေခင် ဝူခိုင်းက ရှင်းပြလိုက်သည် "ဆေးလုံးသခင်မို ဒါက ကျွန်တော်တို့ရဲ့ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ဆေးလုံးသခင် မန်ပိုယူပါ ဆေးလုံးသခင်မန်က အခုမှ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာတာပါ အခုလေးတင် ဓားတောင်ကို ရွေးမလို့ပါ..."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now