အခန်း (၉၈)

1.2K 175 0
                                    


အခန်း (၉၈) : အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်

"ဆေးလုံးသခင်ယန် ဘာကြောင့်များ ဒီရောက်နေတာလဲ မင်းက မြေကမ္ဘာ နယ်ပယ်ရဲ့ ပထမအဆင့် ယွန်ဒန်ကို တက်လှမ်းသွားပြီလား " ကြွက်သား အပြိုင်းပြိုင်းနှင့် လူက ယန်ချင်ယင်ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်လေ၏။

ထိုမျှ ငယ်ငယ်ရွယ်ရွယ်နှင့် မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်လာသည်ကပင် ကြောက်ခမန်းလိလိ အောင်မြင်မှု ဖြစ်ကာ သို့သော်လည်း မြေကမ္ဘာနယ်ပယ်၏ ယွန်ဒန်အဆင့်ကိုပါ တက်ရောက်သွားပြီလား

သူသည် ယွန်ဒန် အဆင့် ၇ သို့ ရောက်နေပြီ ဖြစ်သော်လည်း ဤနေရာသို့ ရောက်လာရန် အချိန်ဘယ်လောက်များများ ယူခဲ့ရသနည်း

သူ ယွန်ဒန်အဆင့်သို့ ရောက်စက သူသည် ယန်ချင်ယင်ထက်ပင် အသက်ကြီးနေပြီ ဖြစ်သည်။

ယန်ချင်ယင်က ပုံမှန် ပြန်ပြောလိုက်လေသည် "ကျွန်မ ယွန်ဒန် အဆင့်ရောက် မရောက်က အရေးမကြီးပါဘူး ကျွန်မ သိချင်တာ တစ်ခုက ဓားတောင်သခင် တစ်ယောက်အနေနဲ့ သခင်ချောက်က ဘာကြောင့်များ ဆေးလုံးဆရာမိုရဲ့ အိမ်ကို ဖျက်စီးပစ်ဖို့ ပဒုမ္မကြာ ဓားတောင်ကို ရောက်လာတာပါလဲ " ချောက်ချန်းရှင်းက မိုဝူကျီကို အသိအမှတ် မပြုသော်ငြား ယန်ချင်ယင်ရှေ့တွင် အရမ်းကာရော လုပ်ဆောင်ရန် မတတ်နိုင်ချေ။ သူမ ယွန်ဒန် အဆင့်သို့ မရောက်ခင်ကပင် သူမကား ဂိုဏ်းခေါင်းဆောင် အောက်၌ ထိပ်ဆုံး အဆင့်အတန်း တစ်ခုရှိသော တည်ရှိမှု ဖြစ်သည်။ ယခု သူမသည် ယွန်ဒန်အဆင့်သို့ ရောက်သွားသောအခါ မီးတောက် ဓားတောင်သခင် တစ်ယောက်အနေနှင့် ယှဉ်နိုင်မည့်အရာ မဟုတ်တော့ပေ။

"မင်းက သိချင်မှတော့ ရှင်းပြရတာပေါ့ ဒီလူက သူ့ရဲ့ ဧည့် ဆေးလုံးဆရာဆိုတဲ့ အဆင့်အတန်းကို သုံးပြီးတော့ တခြားသူတွေကို အနိုင်ကျင့်နေတယ် ငါ့တူလေးက ငါ့အတွက် ပန်းပဲ လုပ်ဖို့ သင့်တော်တဲ့ ကုန်ကြမ်း တွေ့ထားခဲ့တယ် အဲဒါကို သူက အဲအကြောင်း သိသွားပြီးတော့ အဆုံးသတ်မှာ သူက ငါ့တူလေးကို ရိုက်နှိက်လိုက်ရုံတင်မကဘူး ပစ္စည်းကိုလဲ ယူသွားသေးတယ် " ချောက်ချန်းရှင်းသည် ယန်ချင်ယင်ကဲ့သို့ ရာထူးမကြီးသော်ငြား အမှန်တရားရှေ့တွင် သူမသည် မိုဝူကျီဘက်က ကာကွယ်ပေးရဲလိမ့်မည် မဟုတ်ပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now