အခန်း (၁၄၈)

1K 144 1
                                    


အခန်း (၁၄၈) : အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက်

ထိုသို့သော အခြေအနေမျိုးနှင့် မိုဝူကျီက သက်ညှာမနေတော့ပေ။ သူက တျန်းဂျီတုတ်ကို ဧရာမကတ်ကြေးနှင့် လူ၏ လည်ပင်းဆီ လွဲရိုက်လိုက်တော့သည်။

ဂျွတ်ခနဲ မြည်၍ ထိုကျင့်ကြံသူ လည်ပင်းနှင့် ဘေးတစ်ဖက်မှ ပခုံးက တုတ်တစ်ချက် အဝှေ့တွင် ကြေမွသွားကာ မြေပြင်ပေါ် အသံမထွက်ဘဲ လဲကျသွားတော့သည်။

မိုဝူကျီက လင်ဇီးကို မြန်မြန် တူးယူလိုက်ပြီး သူ့သိုလှောင်အိတ်ထဲ သိမ်းလိုက်တော့သည်။ ယွီကျီက မြေပြင်ပေါ်တွင် လဲနေသော လူ၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။

မိုဝူကျီက လင်ဇီးကို တူးယူတော့သည့်အချိန်တွင် သူ့ကို ချောင်းမြောင်းတိုက်ခိုက်လာသူအား မိုဝူကျီနှင့် ယွီကျီတို့ နှစ်ယောက် အင်အားပေါင်း၍ ထိုလူကို ရှောင်နိုင်ခဲ့သည်။ ထိုအချိန်တိုလေးအတွင်းတွင် ဖြစ်ပျက်သွားခဲ့၏။ နှစ်ယောက်သားက ယခင်က လုပ်ဖူးထားသည့်အလား လက်တွဲညီညီ တွဲ၍ လုပ်ဆောင်နိုင်ခဲ့ကြသည်။

"မင်းတို့က ငါ့ဂျုနီယာညီလေးကို သတ်ပစ်ရဲတယ်ပေါ့ .. . ငါ့ရှေ့ ဒူးထောက်ကြစမ်း....." ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး မိုဝူကျီနှင့် ယွီကျီတို့ဆီ တစ်ချက် ရောက်ရှိလာသည်။ နှစ်ယောက်သား ပေါင်း၍ ခုခံလိုက်သော်လည်း ထိုအငွေ့အသက်များကို မတားဆီးနိုင်ပေ။ သူတို့ခြေထောက်မှ ဂျွတ်ခနဲ အသံများ ထွက်လာသည့်အထိ နောက်ဆုတ်သွားလိုက်ရ၏။ မိုဝူကျီက အံ့ကို ကြိတ်လိုက်ပြီး လျှပ်တပြက် လျှပ်စီးကို ဖော်ထုတ်ရန် ပြင်ဆင်လိုက်သည့်အချိန်တွင် သူ့ဘေးမှ စွမ်းအားပေါက်ကွဲမှု လှိုင်းများ ရှေ့ထွက်လာလေ၏။

တုန်လှုပ်မိသွားသည်။ အကယ်၍ ထိုစွမ်းအားသာ သူ့ကျောပေါ် ကျရောက်ပါက သူသည် အသားကင် ဖြစ်သွားလိမ့်မည်။

"ဘမ်း.." စွမ်းအားနှစ်ခုကား ပေါင်းစပ်သွားပြီး မြေပေါ်တွင် ဧရာမချိုင့်ဝှမ်းကြီး ဖြစ်ပေါ်သွား၏။ မိုဝူကျီက သူ့ပတ်ဝန်းကျင်မှ ဖိအားများက လျော့နည်းသွားသည်ကို ခံစားမိလိုက်သောကြောင့် လျှပ်တပြက် လျှပ်စီးကို အသုံးပြုရန် လက်လျော့လိုက်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now