အခန်း (၁၉)

2.1K 308 1
                                    


အခန်း (၁၉) : သူ့ကို ခေါ်သွားပြီး သတ်ပစ်လိုက်စမ်း


"စီရင်စုမှူးမတ် ဟန်....ကိုးဘဝပျောက်ကင်းဆေးက ဘာများလဲ....." ချင်ယွီပြည်နယ်၏ အရှင်သခင် စစ်ထူချင်သည် ထိုကဲ့သို့ ဆေးမျိုး တစ်ခါမျှ မကြားဖူးချေ။

ဤအကြီးအကဲသည်ကား ချင်ယွီပြည်နယ်၏ နံပါတ်တစ် စီရင်စုခေါင်းဆောင်ဖြစ်သည့် ဟန်ချန်အန်း ဖြစ်၏။ ရှင်းဟန်အင်ပါယာ ဘုရင်မှလွဲ၍ ကျန်သော နိုဘယ်များကို အဆင့်ကိုးဆင့် ခွဲထားသည် - ပြည်နယ် မြို့စားကြီး၊ ပြည်နယ် သခင်၊ ပြည်နယ် မှူးမတ်၊ ပြည်နယ် မြို့စား၊ စီရင်စု နယ်စားကြီး၊ စီရင်စု မှူးမတ်၊ နိင်ငံမှူးမတ် နှင့် စီရင်စု နယ်စားတို့ ဖြစ်၏။

လင်းကျုပြည်နယ်၏ စီရင်စု မြို့စားကြီးသည် ယီဖန်စီရင်စု သခင်အောက်တွင် ရှိပုံရ၏။ သို့သော်တွင် လက်တွေ့၌ လင်းကျူပြည်နယ်အတွင်း စီရင်စုနယ်စားကြီး၏ အဆင့်အတန်းသည် စီရင်စုသခင်ထက် ပို၍ မြင့်မား၏။ ပြည်နယ်သခင်တစ်ယောက်ဖြစ်သည့် စစ်ထူချင်သည်လည်း ရှင်းဟန်အင်ပါယာတွင် ပြည်နယ် မြို့စားကြီးနောက်တွင် ရှိပုံပေါ်သော်ငြား အကယ်၍ သူသာ ရှင်းဟန်အင်ပါယာ၏ ဂျင်လူး ခန်းမထဲ တက်ရောက်ရပါက ပြည်နယ်သခင်တစ်ယောက်၏ အဆင့်အတန်းသည် ပြည်နယ် မြို့စားနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

မြို့စားကြီး၊ မှူးမတ်၊ မြို့စားများနှင့် တစ်ခုတည်းသော ခြားနားချက်သည် ပြည်နယ်နှင့် စီရင်စုသခင်များသည် ပို၍ အခွင့်ထူးရှိလေ၏။ သူတို့၏ ကိုယ်ပိုင် စစ်တပ်နှင့် ပြောဆိုခွင့်ပါ ရရှိလေသည်။ အင်ပါယာ၏ ဂျင်လူးခန်းမ အပြင်တွင် သူတို့ကိုင်ဆွဲထားသည့် အာဏာသည် မြို့စားကြီးနှင့် မှူးမတ်တို့နှင့် ယှဉ်ပြိုင်နိုင်မည့် အရာမဟုတ်ချေ။

ဟန်ချန်အန်းသည် မြန်မြန်ဆန်ဆန် မတ်တပ်ရပ်လိုက်ပြီး ပြန်ဖြေလိုက်၏ "သခင်..... လွန်ခဲ့တဲ့ လအနည်းငယ်က ဒန်းဟန်ဆေးလုပ်ငန်းရဲ့ ဆေးကြော်ငြာအသစ်က ယောင်ကျိုးတစ်လျှောက် ပြန့်နှံ့နေခဲ့ပါတယ်...... သူတို့က ကိုးဘဝပျောက်ကင်းဆေးလို့ အမည်ရတဲ့ ကုသဆေးအသစ်ကို ထုတ်လုပ်ထားပါတယ်....."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now