အခန်း (၁၇၇)

1.1K 147 0
                                    


အခန်း (၁၇၇) : ယွမ်ဒန်အဆင့် ကျင့်ကြံသူကို သတ်ဖို့ရာအတွက် ပူးပေါင်းခြင်း

"ဒေါင် ..." နောက်တခါ အသံထွက်ပေါ်လာလေသည်။ နဂါးလက်သည်း၏ အမြန်နှုန်းက လျော့ကျသွားသော်လည်း မိုဝူကျီက ထိုအရာသည် "ဂ" သဏ္ဍာန် လှည့်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အရှိန်ပြန်မြင့်လာလေသည်။

ထိုသည်က ဝိညာဉ်ပစ္စည်းလား ... သူ့မီးဖိုကား ထိုပစ္စည်းဟု ယူဆ၍ ရရုံလေးသာ ဖြစ်၍ မိုဝူကျီက အစစ်အမှန် ဝိညာဉ်ပစ္စည်းကို မသုံးဖူးပေ။ သို့သော်လည်း ဝိညာဉ်ပစ္စည်းကို မသုံးဖူးခြင်းက မသိသည်တော့ မဟုတ်ပေ။ ထိုဝိညာဉ်ပစ္စည်းပေါ်တွင် ကျင့်ကြံသူ၏ အမှတ်အသား ရှိလိမ့်မည် ဖြစ်ကြောင်း ပြောနိုင်သည်။

ရှောက်ကွမ်ကျင်းက ဝိညာဉ်ပစ္စည်းအထဲတွင် အမှတ်အသား ပြုလုပ်ထားသော်လည်း သူက စိတ်စွမ်းအား အပြည့်အဝ မဖွံ့ဖြိုးသေးသည့် ယွမ်ဒန် အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်၏။ အနည်းဆုံးတော့ သူ့စိတ်စွမ်းအားသည် မိုဝူကျီလောက် အားမကောင်းနိုင်ပေ။

သူက ထိုအချက်ကို နားလည်သောကြောင့် မိုဝူကျီ စိတ်စွမ်းအားက နဂါးလက်သည်းအထဲ ရုတ်တရက် ဝင်ရောက်သွားပြီး အထဲမှ အမှတ်အသားကို ဖျက်စီးပစ်လိုက်သည်။ သူ့တွင် စိတ်စွမ်းအား ကျင့်စဉ်များ မရှိပေ။ သူက ဝိညာဉ်အားဖြည့်ဆေးလုံးကြောင့် စိတ်စွမ်းအား မတော်တဆ ရရှိခဲခြင်း ဖြစ်သည်။ အကယ်၍ သူသာ ရှောက်ကွမ်ကျင်းနှင့် ရင်ဆိုင်ရပါက သူ့စိတ်စွမ်းအားက အားကောင်းလျှင်ပင် ယွမ်ဒန် အဆင့် ကျင့်ကြံသူ၏ အမှတ်အသားကို ပိုင်ရှင်ရှိနေစဉ် ဖျက်ပစ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ရှောက်ကွမ်ကျင်းက မိုဝူကျီကို အထင်သေးမိသည်။ တခြားတစ်ယောက်နှင့် ရင်ဆိုင်နေစဉ်အတွင်း သူက ဆယ်မီတာအကွာမှ မိုဝူကျီကို သတ်ရန် ကြိုးစားနေသေးသည်။

မကြာခင်တွင် မိုဝူကျီ၏ စိတ်စွမ်းအားက နဂါးလက်သည်းကို ထိုးဖောက်လိုက်သည့်အခါ ချက်ချင်းဆိုသလို ရှောက်ကွမ်ကျင်း၏ အမှတ်အသားကို တွေ့လိုက်ရသည်။ သူက ရိုးရိုးလေးချီ၏ အမှတ်အသားကို ဖျက်စီးဖူးသော်လည်း ထိုအရာက ဆေးလုံးကို ချိုးဖျက်ရာ၌ ဖြစ်သည်။ အကြောင်းမှာ ရိုးရိုးလေးချီသည် အားကောင်းလွန်း၍ သူ့စိတ်စွမ်းအားဖြင့် သူ့အမှတ်အသားကို တိုက်ရိုက်မဖျက်စီးရဲပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now