အခန်း (၅၈)

1.4K 217 0
                                    


အခန်း (၅၈) : ပင်လယ်သို့ ထွက်ခွာခြင်း


"အစ်ကိုကျန်းရီက အမှန်တကယ်ကို စိတ်လွတ်ကိုယ်လွတ်သမားပဲ....." တင်းဘူအာသည် ယွန်ကျန်းရီ၏ တဖြေးဖြေး ပျောက်ကွယ်သွားသော နောက်ကျောကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ဘူအာ.... ငါ ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းကို အမဲလိုက်သွားမလို့...... ငါ့နေရာမှာ နေပြီး စောင့်နေလေ.... ပြီးရင် နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံကို အတူတူ သွားကြတာပေါ့...... " မိုဝူကျီသည် တင်းဘူအာက ဟန်နင်ဆီမှ ထွက်လာပြီးနောက်ပိုင်းတွင် နေစရာမရှိလောက်ကြောင်း ခန့်မှန်းမိ၍ သူ့နေရာအား တင်းဘူအာကို ပေးလိုက်၏။

တင်းဘူအာက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်ပြီး "ဝူကျီ.... မင်းလဲ လျှပ်စီးမိကျောင်းတွေက ဘယ်လောက်တောင် သန်မာပြီးတော့ အန္တရာယ်များတယ်ဆိုတာ သိရဲသားနဲ့..... ဘာလို့ သေဖို့ရာ စိတ်အားထက်သန်နေတာလဲ......"

မိုဝူကျီသည် ယွန်ကျန်းရီ ထွက်သွားသည့်နေရာကို ကြည့်ကာ အလေးအနက် ပြောလိုက်သည် "ကျန်းရီလဲ သူ့အိမ်မက်နဲ့သူ ရှိတယ် ငါလဲ ငါ့ဖြစ်ချင်တာ ရှိတယ်..... ဝိညာဉ်ကြောမရှိရင်တောင် ငါက ငါ့နည်းငါ့ဟန်နဲ့ လမ်းကြောင်းထွင်မှာ.....မင်းလဲ ငါက လျှပ်စီးခံနိုင်ရည်အား ကောင်းတယ်ဆိုတာ သိပါတယ်..... ပြီးတော့ အရင်က လျှပ်စီးမိကျောင်းနှစ်ကောင်တောင် သတ်နိုင်ခဲ့တယ်လေ...... ဒါက အန္တရာယ်များမှန်း သိပေမဲ့ ရွေးစရာမရှိဘူးကွာ..... တကယ်လို့ ငါအသက်ရှင်လျက် ပြန်မရောက်လာရင် မင်းလုပ်ချင်တာသာ လုပ်တော့ကွာ......"

တင်းဘူအာသည် တုန်လှုပ်မှုအစား နောင်တတရားတို့ ကြီးစိုးလျက် လက်သီးကို ဆုပ်ထားလိုက်သည်။ သူ့ဘေးမှ ယွန်ကျန်းရီနှင့် မိုဝူကျီတို့ နှစ်ယောက်လုံးတွင် ထိုသို့သော ရည်မှန်းချက်ကိုယ်စီရှိနေချိန်တွင် သူသည် မည်သို့ အချိန်ဖြုန်းနေသနည်း.....

"ဝူကျီ.... ငါလဲ မင်းနောက်လိုက်ခဲ့မယ်......တကယ်လို့ မင်းက လျှပ်စီးမိကျောင်းကို သတ်နိုင်ခဲ့ရင် ငါက အဲကနေ အဖိုးတန်ပစ္စည်းတွေကို မင်းကိုကူပြီးတော့ သိမ်းပေးမယ်" တင်းဘူအာသည် ဆုံးဖြတ်ချက် ပြတ်သားစွာ ချမှတ်လိုက်လေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now