အခန်း (၃၃)

1.7K 251 3
                                    


အခန်း (၃၃) : သူငယ်ချင်းများကြားမှ ခင်မင်မှု သေရည်တစ်ခွက်


ယွန်ကျန်းရီသည် အပို ပြောနေခြင်းမဟုတ်ပေ။ သူယူလာသော အရက်သည် အမှန်ပင် ကောင်း၍ အရသာသည် စွဲကျန်နေလေသည်။ ပို၍ အံ့အားသင့်ဖွယ်‌ ကောင်းသည်က ခန္ဓာအတွင်း လှည့်ပတ်နေသာ ဖျော့တော့တော့ ခံစားချက်လေး ဖြစ်၏။ မိုဝူကျီသည် သူ့၏ ဖွင့်ထားပြီးသော ချီသွေးကြောပင် လှုံ့ဆော်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါက တကယ်ကို သေရည်ကောင်းပဲ.....တစ်ငုံတည်းနဲ့ ခန္ဓာတစ်ကိုယ်လုံး လန်းဆန်းလာသလို ခံစားမိတယ်.... " မိုဝူကျီသည် ချီးကျူးလိုက်သည်။ သူသည် ထိုသေရည်တွင် တချို့သော ဝိညာဉ်ဆေးပင်များ ပါဝင်နေကြောင်း ပြောနိုင်၏။ မဟုတ်လျှင် သူသည် ထိုမျှ သက်တောင့်သက်သာ ခံစားရမည် မဟုတ်ချေ။

မိုဝူကျီ၏ ချီးကျူးမှုကို ကြားပြီး ယွန်ကျန်းရီသည် ဂုဏ်ယူစွာ ပြောလိုက်သည် "ညီလေးမိုက တကယ်ကို သေရည်ကောင်းသိတာပဲ..... ကျွန်တော်က ချန်ယန်ပြည်နယ်ကလေ.... တခါက အမှတ်မထင်ဘဲ မိုးကြိုးမြူတောထဲ ရောက်သွားခဲ့တယ်.... အဲဒီမှာ ကံကောင်းထောက်မပြီး ဝိညာဉ်အသီးကို ရှာတွေ့မယ်လို့ ထင်မထားမိဘူး.... အဲအသီးကို သုံးပြီး သေရည်ဆယ်အိုး ချက်လိုက်တာ.... ဒါက နောက်ဆုံးအိုးပဲ.... ဒါပေမဲ့ အိုးက ကြီးပါတယ်..... ဟားဟား....."

မိုဝူကျီသည် ယွန်ကျန်းရီကား သဒ္ဓါတရားအားကောင်း၍ ပူပင်ကင်းသော သူဖြစ်ရမည်ဟု ပြောနိုင်၏။ ထိုသေရည်သည် ဝိညာဉ်အသီးသုံး၍ ပြုလုပ်ထားသောကြောင့် တန်ဖိုး မြင့်ပေလိမ့်မည်။ လူအများစုပင် ဝယ်ယူရန် မတတ်နိင်လောက်ချေ။ သို့သော် ယွန်ကျန်းရီသည် မိုဝူကျီ၏ စကားများကို သဘောကျသောကြောင့် ထုတ်ယူလာခြင်း ဖြစ်၏။

"ကျွန်တော် တကယ်ပဲ မျက်နှာပူမိပါတယ်.... ကျွန်တော်တို့ တွေ့ဆုံခွင့်ရပြီး အစ်ကိုယွန်ရဲ့ သေရည်ကောင်းကို သောက်လိုက်ရတယ်......" မိုဝူကျီသည် ချင်ယွီနှင့် ချန်ယန်ပြည်နယ်များသည် စစ်ဖြစ်နေကြောင်း အမှတ်ရလိုက်သည်။ သို့သော် မိုဝူကျီအတွက် ကိစ္စမရှိချေ။ ထို့အပြင် သူသည် ချင်ယွီပြည်နယ်နှင့် ဆက်နွှယ်နေသည့် ခံစားချက် မရှိ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now