အခန်း (၄၆)

1.4K 235 0
                                    


အခန်း (၄၆) : လျှပ်စီး ဌားရမ်း၍ သတ်ဖြတ်ခြင်း


"ဘမ်း ...." မိုဝူကျီသည် နောက်တစ်ကြိမ် ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းကြောင့် လွှင့်စင်သွားလေသည်။ သို့သော် ဒီတစ်ကြိမ်တွင် မိုဝူကျီသည် ပြန်၍ မထနိုင်တော့ချေ။ မိုဝူကျီအား ပစ်လွှင့်ပြီးနောက်တွင် လျှပ်စီးမိကျောင်းလဲ မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားကာ ပြန်၍ ထလာခြင်း မရှိတော့ပေ။

မိုဝူကျီသည် စိတ်ထဲတွင် သက်ပြင်းချမိ၏။ နောက်ထပ် လျှပ်စီး တစ်ခု သို့မဟုတ် နှစ်ခုလောက်ဆိုလျှင် သူ့၏ တတိယမြောက် ချီသွေးကြောကို ဖွင့်ကောင်း ဖွင့်နိုင်လိမ့်မည်။

ကံမကောင်းစွာ သူ့ခန္ဓာကိုယ်သည် အရမ်းအားနည်းနေကာ ဆက်လက် မလုပ်ဆောင်နိုင်တော့ပေ။

အကယ်၍ ပတ်ဝန်းကျင်မှ လူများသည် မိုဝူကျီက သူ့ခန္ဓာအားနည်းနေလွန်းသည်ဟု ငြီးတွားမှုကို ကြားလျှင် သူ့အား လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်လာကြလိမ့်မည်။ တကယ်တမ်းတွင် မိုဝူကျီ ပထမချီသွေးကြော ဖွင့်ပြီးသည်မှ စ၍ သူ့ခန္ဓာသည် လျှပ်စီးကန်တွင် အလူးအလဲ ခံစားခဲ့ရသောကြောင့် သူ့ရုပ်ပိုင်းခွန်အားသည် သာမာန်အဆင့်ထက် ပိုမြင့်နေလေပြီ။ အကယ်၍ ထိုကြောင့်သာမဟုတ်လျှင် သူသည် ဤမျှ အကြာကြီး ခံနိုင်မည် မဟုတ်ပေ။

"ဒီဝိညာဉ်ဆေးလုံးကို မျိုချလိုက်......" မိုဝူကျီ နားထဲသို့ မထူးမခြားနားသော အသံဝင်ရောက်လာလေသည်။ မိုဝူကျီသည် ဘေးပတ်လည်ကို လိုက်လံကြည့်လိုက်သော်လည်း သူ့အား စကားပြောနေသည့်သူကို ရှာမတွေ့ချေ။

သူ့လက်ထဲတွင် ဆေးလုံးရှိနေ၏။ ဆေးလုံးကာ ပုတီးစေ့ထက် အနည်းငယ် ပိုကြီးကာ ထိုမှ နှစ်လိုဖွယ်ရနံ ထွက်ပေါ်နေသည်။

မိုဝူကျီသည် တွန့်ဆုတ်မနေဘဲ ဆေးလုံးကို ပါးစပ်ထဲ တိုက်ရိုက်ထည့်ကာ မျိုချလိုက်သည်။

ထိုလူသည် မိုဝူကျီအား သတ်ချင်သည်ဆိုလျှင် ဆေးလုံးကို အလကားဟပ်သပ် ကုန်ခံစရာ မလိုပေ။ သူသည် မိုဝူကျီအသက်ကို ဒီနေရာတွင် အလွယ်တကူ အဆုံးသတ်ပစ်နိင်၏။ ထို့အပြင် ဆေးလုံး၏ ရနံ့ကပင် မိုဝူကျီအား လန်းဆန်းကာ အားတိုးလာစေသည်။ ထို့ကြောင့် သေချာပေါက် ဆိုးရွားလှသည့် အရာ မဟုတ်လောက်ပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now