အခန်း (၁၈၆)

1.1K 136 0
                                    


အခန်း (၁၈၆) : နယ်လှည့် ကျင့်ကြံသူ အထောက်အကူပြု အမှတ် ကျောက်စိမ်းပြား

ရှင်းဟန်အင်ပါယာ ဘုရင်၏ စကားများကို ကြားသောအခါ စစ်ထူချင် နဖူးမှ ချွေးစေးများ ချက်ချင်းပင် စီးကျလာလေသည်။ ထိုစဉ် သူက စိတ်ထဲတွင် ကြီးစွာ နောင်တရမိသည်။ နောင်တရသည်က မိုမျိုးနွယ်စု၏ အရိုက်အရာကို လုယူမိ၍ မဟုတ်ဘဲ မိုဝူကျီကို အမြစ်ဖြတ် မသတ်ဖြတ်ခဲ့တာကို ဖြစ်၏။ ကျုပင်ခုတ် ကျူငုတ်ပါ မကျန် ကိစ္စရှင်းပစ်ရမည် ဖြစ်သည်။ သူက မိုမျိုးနွယ်စုမှ ထိုခွေးကောင်သည် ဤမျှ အောင်မြင်လာလိမ့်မည်ဟု ဂရုမစိုက်မိသလို တွေးလည်း မတွေးခဲ့မိပေ။

သို့သော် ထိုအရာက မဟုတ်သေးပေ။ မိုထင်းချန် မြေးတွင် ဝိညာဉ်ကြောမရှိဘူးလို့ ပြောခဲ့သည် မဟုတ်ပါလော .... သူက ဘယ်လိုလုပ် ကောင်းကင်ဖွေရှာနန်းတော်ရဲ့ တပည့် ဖြစ်သွားရတာလဲ ...

"ဟားဟား မိုဝူကျီ မင်းက ကောင်းကင်ဖွေရှာနန်းတော် အပြင်စည်းတပည့်လေး ဖြစ်ရုံနဲ့ ဒီလိုပြည်နယ်ကိစ္စတွေ ဝင်စွက်ဖက်ရအောင် ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။ ပြည်နယ်သခင် စစ်ထူချင်က မင်းတို့ မိုမျိုးနွယ်စုကို အရိုက်အရာက ဖယ်ရှားသင့်တဲ့ အကြောင်းပြချက် ရှိလို့ နေမှာပေါ့။ ပြီးတော့ ကောင်းကင်ဖွေရှာနန်းတော်ရဲ့ အဓိကစည်းမျည်းက နိုင်ငံအရေးကို ဝင်မစွက်ဖက်ဖို့ပဲ ... မင်းလို အပြင်စည်းတပည့် မပြောနဲ့ အတွင်းစည်းတပည့် ဖြစ်နေရင်တောင် ပြည်နယ်သခင်တစ်ယောက်ကို ဝေဖန်ပိုင်ခွင့်မရှိဘူး ... "

မိုဝူကျီက ခန်းမအတွင်း ဝင်လာသည့် သူကို လှည့်ကြည့်လိုက်သည်။ သူ့ယခင်က မကျေမလည် ဖြစ်ခဲ့ဖူးသော၊ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ကောင်းကင်ဖွေရှာနန်းတော်သို့ ရောက်ရှိနေ‌သော လူဖြစ်သည်။

ချိန်စုယင်က အနည်းငယ် မျက်ခုံးကျုံ့လိုက်မိ၏။ ကောင်းကင်ဖွေရှာနန်းတော်တွင် ထိုသို့ ဝင်မစွက်ဖက်ရသည့် စည်းမျည်းရှိသော်လည်း သေးငယ်သော စည်းမျည်းစည်းကမ်းတစ်ခုသာ ဖြစ်သည်။ လက်တွေ့တွင် ကောင်းကင်ဖွေရှာနန်းတော်မှ မည်သူက ထိုစည်းကမ်းကို ဂရုစိုက်နေမည်နည်း။ ကောင်းကင်ဖွေရှာနန်းတော်ကိုယ်တိုင်ကပင် တပည့်က ထိုပြည်နယ်ကိစ္စများတွင် တရားလွန် မဖြစ်သရွေ့ ထိုစည်းကမ်းနှင့် အကျပ်ကိုင်မည် မဟုတ်ပေ။ ထို့အပြင် မိုဝူကျီက ကောင်းကင်ဖွေရှာနန်းတော်၏ အပြင်စည်းတပည့် ဖြစ်သည့်အတွက် ဂျူချီဂျန်းသည် မိုဝူကျီ စကားလုံးများကို သိသိသာသာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now