အခန်း (၃၇)

1.6K 215 0
                                    

အခန်း (၃၇) : မျိုးတုန်းပျောက်ကွယ်မှု


"လောင်အန်းရဲ့  မိုမျိုးနွယ်စုက ပျောက်ကွယ်သွားပြီ..... သူတို့အားလုံး သေကုန်ကြပြီ...." မိုရှင်းထောင်သည် မျက်ရည်ရွဲလဲ ဖြင့် ပြောလိုက်သည်။ သူမသည် ဆက်၍ မပြောနိုင်တော့ဘဲ ငိုသာ ငိုကြွေးနေလေ၏။

"အဖြစ်အပျက်က ပြီးသွားခဲ့ပြီပဲ...... အချိန်ယူပြီး ပြောပြလို့ ရပါတယ်...." မိုဝူကျီသည် မိုရှင်းထောင်ကို ဆွဲကာ ထိုင်ခုံပေါ် ထိုင်လိုက်စေသည်။ မိုရှင်းထောင် ဆိုလိုသော လောင်အန်းဟူသည်မှာ မြောက်ဖက်ပိုင်း ချင်စီရင်စု၏ မြို့တော်ကို ဖြစ်၏။ စီရင်စု တော်ဝင်မျိုးနွယ် ဖြစ်သောကြောင့် မိုမျိုးနွယ်စုသည် လောင်အန်းတွင် နေထိုင်ကြသည်။

မိုဝူကျီသည် တခြားသူများရှေ့တွင် မိုမျိုးနွယ်စု အကြောင်း မစုံစမ်းရဲခဲ့ချေ။ သို့သော် သူသည် မိုရှင်းထောင်နှင့် ထိုသို့သော အရာမျိုး စိတ်ပူစရာမရှိပေ။

မိုရှင်းထောင်သည် ဆက်လက် ငိုကြွေးရင်း ရှိုက်ငင်ကာ ပြောပြလိုက်သည် "လွန်ခဲ့တဲ့ လေးနှစ်တုန်းက မိုမျိုးနွယ်စုကို မြောက်ဖက်ပိုင်း ချင်စီရင်စု သခင် လုပ်ကြံမှု ကိစ္စမှာ ဆွဲသွင်းခံလိုက်ရပြီး....."

"ခဏ.... မိုမျိုးနွယ်စုက မြောက်ဖက်ပိုင်း ချင်တော်ဝင်မိသားစုက မဟုတ်ဘူးလား.... ဘာလို့ ချင်စီရင်စု သခင်ကို လုပ်ကြံတဲ့ ကိစ္စမှာ ပါဝင်ရမှာလဲ....." မိုဝူကျီသည် မိုရှင်းထောင်ကို ဖြတ်ပြောကာ နားမလည်စွာ မေးလိုက်၏။

မိုရှင်းထောင်သည် ခါးကို ခါပြလိုက်ပြီး "လွန်ခဲ့တဲ့ လေးနှစ်တုန်းက ငါတို့ မိုမျိုးနွယ်စုက မြောက်ဖက်ပိုင်း ချင်တော်ဝင်မိသားစုထဲ မပါဝင်တော့ဘူး..... ကျူမျိုးနွယ်စုက အခု မြောက်ဖက်ပိုင်း ချင်တော်ဝင်မိသားစု ဖြစ်နေပြီ.....အရင် သခင် ပျောက်ကွယ်သွားတဲ့နောက်မှာ ကျူရှုဖန်က ချင်ယွီပြည်နယ်သခင်ရဲ့ ထောက်ခံချက်နဲ့ အရိုက်အရာကို ဆက်ခံလိုက်တယ်....ဒါပေမဲ့လည်း သူအုပ်စိုးနေစဉ်မှာ မိုမျိုးနွယ်စုက တစ်ယောက်က သူ့ကို သတ်လိုက်တယ်..... မိုလုပ်ကြံသူက အဲမှာပဲ တခါတည်း အသတ်ခံလိုက်ရပြီးတော့ မိုမျိုးနွယ်စုရဲ့ ဆွေစဉ် မျိုးဆက်ကိုးဆက်လုံးကို သေမိန့်ချခဲ့တယ်......"

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now