အခန်း (၇၉)

1.3K 201 0
                                    


အခန်း (၇၉) : တိုးတက်မှု : အဆင့်တစ် လူသားအဆင့် ဆေးလုံးဆရာ

နာရီဝက်လောက် အနားယူပြီးနောက်တွင် မိုဝူကျီက အခြေအနေကို သုံးသပ်ကာ အနားယူရန် ပိုဘေးကင်းသော နေရာကို ရှာဖွေသင့်သည်ဟု ခံစားမိလေ၏။

မိုဝူကျီက ဆေးပြင်းမီးဖိုကို ရုန်းကန် လှုပ်ရှား သယ်ဆောင်ကာ တစ်ကီလိုမီတာလောက် လမ်းလျောက်လာလိုက်ရင်း လူသေအလောင်းကို တွေ့သည့်အခါ ရပ်တန့်လိုက်လေ၏။ ထိုသည်က ဆေးလုံးဆရာ ခုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။

သဘောတရားအရ အဆင့်သုံးဆေးလုံးဆရာများသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ကို ကျော်ဖြတ်ပြီးသော အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ မိုဝူကျီက ထိုဆေးလုံးဆရာ၏ အလောင်းကို တွေ့သောအခါ သူ့၏ ကံကောင်းမှုကိ အမှန်တကယ်ပင် ကျေးဇူးတင်လိုက်လေသည်။ ရွေ့ပြောင်းစဉ်အတွင်း အသက်ရှင် ကျန်ရစ်သည်မှာ ကံကောင်းမှုကြောင့်သာ ဖြစ်လေ၏။

မိုဝူကျီက ဆေးလုံးဆရာ ခန္ဓာကိုယ်ကို စတင်ရှာဖွေလိုက်ပြီး အသုံးဝင်သော ပစ္စည်းများကို ယူဆောင်ထားလိုက်သည်။ စိတ်စွမ်းအင် ကျောက်တုံးအချို့ပင် တွေ့ရှိလေ၏။ ထိုကျောက်တုံးများသည် ဝိညာဉ်စွမ်းအား ကြွယ်ဝသော ပစ္စည်းများ ဖြစ်ရာ မိုဝူကျီ ရရှိရန် အိမ်မက် မက်နေသော အရာပင် ဖြစ်သေး၏။ သို့သော်လည်း သူက ကျောက်တုံးများကို သိမ်းလိုက်သော်လည်း စိတ်ထဲဥ၌ မပေါ့ပါးသွားချေ။ သူသည် ကုသရေးဆေးလုံးများလည်း တွေ့ရှိသည့်အတွက် သူ့ဒဏ်ရာများကို ပြန်လည်ကုစားရန် သုံးစွဲလိုက်လေသည်။

ဆေးလုံးသခင်၏ ခန္ဓာကိုယ်ကို နှံ့နှံ့စပ်စပ် ရှာဖွေပြီးနောက်တွင် မိုဝူကျီက မြေကျင်းတူးကာ ဆေးလုံးသခင်အား မြုပ်နှံပေးလိုက်သည်။

အဆင့်သုံး ဆေးလုံးဆရာ အဆင့်အတန်းကား သေမျိုးကမ္ဘာတွင် စိတ်ကူးယဉ် တည်ရှိမှု တစ်ခုဖြစ်သော်လည်း သူတို့ထဲမှ တစ်ယောက်ကား အမည်မသိနေရာတွင် တိတ်တဆိတ် သေဆုံးသွားလေပြီ။ ဤ ကျိုးပျက်လွယ်ပြီး အားနည်းလှသော ဘဝကြီးသည် မိုဝူကျီကို စိတ်ပျက်အားငယ်စေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now