အခန်း (၁၄၅)

1.1K 163 2
                                    


အခန်း (၁၄၅) : စောင့်ကြည့်ရေး အက္ခရာအစီအမံ

နာရီဝက်အတွင်း မိုဝူကျီက ချုရှင်ကျီ၏ အစီအရင် တာအို ဗဟုသုတများထဲ လုံးဝဈာန်ဝင်သွားတော့သည်။

ခမ်းနားကြီးကျယ်သည့် တစ်ခုခုကို မြင်ပါက သူက ချက်ချင်းပင် ထိုအက္ခရာများကို ကူးမှတ်ထားလိုက်လိမ့်မည်။

အစပိုင်းတွင် သူ့တွင် အစီအရင်နှင့်ပတ်သတ်သည့် ဗဟုသုတ အသိပညာများ မရှိသည့်အတွက် ထိုအက္ခရာများက နားလည်ဖို့ရာ အလွန်ခက်ခဲလှပြီး သူ့အား ခေါင်းကိုက်စေသည်။ ယခု သူက လုံးဝနစ်မြောနေကာ ထိုအက္ခရာများ၏ ထူးထူးခြားခြား စွဲဆောင်မှုကို ရှာတွေ့လိုက်ရသည်။

သူ့တံခါးပိတ် ကျင့်ကြံနေစဉ် မိုဝူကျီက သူ့အဆာခံ‌ဆေးလုံးများ စားရန် သတိရသေးသော်လည်း ယခုအခါ အစီအရင်နှင့် အက္ခရာများအကြောင်းကို လေ့လာနေစဉ် သူက အခြားအရာများအားလုံးကို လုံးဝမေ့လျော့သွားလေ၏။ သူ့အစာအိမ် တဂွီဂွီ မြည်လာမှသာ သူ့အာရုံမှ ပြန်နှိုးထလာ၏။

မိုဝူကျီက အဆာခံဆေးလုံးကို ထုတ်ယူလိုက်သော်ငြား ပါးစပ်ထဲသို့ မထည့်သေးဘဲ အစီအရင် တစ်ခုဆီ အာရုံပြောင်းသွား၍ စိုက်ကြည့်နေမိလေ၏။

အဆင့်တစ် စောင့်ကြည့်ရေး အက္ခရာအစီအမံကား ဆယ်မီတာအတွင်းမှ အဖြစ်အပျက်များကို စောင့်ကြည့်နိုင်လေ၏။ ထိုစောင့်ကြည့် အစီအရင်၏ စွမ်းဆောင်ရည်ကား ကိစ္စများကို လက်ခံရယူပြီး ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်၏။ မိုဝူကျီက ထိုအက္ခရာမှ အကြည့်ခွာကာ မျက်မှောင်ကျုတ်မိသွားသည်။ ထိုအက္ခရာသည် အလွန်ရင်းနှီးနေကြောင်း ခံစားမိနေသည်။ သူ့သံသယများက လက်ပတ်ပေါ်မှ အက္ခရာများကို မှတ်မိလိုက်သည့်အခါ သေချာသွားလေ၏။ မဟုတ်သေးချေ.... ထိုအရာက အမှန်မဟုတ်သေးချေ.....

ဤအက္ခရာကား လက်ပတ်ပေါ်ရှိ အရာနှင့် ယှဉ်လျှင် ပို၍ ကျစ်လစ်ပြည့်စုံလေသည်။ မိုဝူကျီက အစီအရင်များနှင့် ပတ်သတ်လျှင် အစိမ်းသပ်သပ် မဟုတ်တော့သည့်အတွက် ချူရှင်ကျီ၏ စောင့်ကြည့်ရေး အက္ခရာကား လက်ပတ်ပေါ်ရှိ အရာနှင့် ယှဉ်လျှင် ပို၍ အဆင့်မြင့်ကြောင်း ပြောနိုင်သည်။ ထိုအရာက အဆင့်တစ် စောင့်ကြည့်ရေးအက္ခရာ အစီအမံသာ ဖြစ်နေသေး၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now