အခန်း (၁၅၆)

1.1K 146 0
                                    


အခန်း (၁၅၆) : ကောင်းကင်ဖွေရှာမြို့

မိုဝူကျီက လှေကား ၈ ထစ်မြောက်အထိ တက်လှမ်းပြီး တပည့်နှစ်ရာထဲတွင် အောက်ဆုံးအဆင့် ရသွားလေ၏။ သူနှင့်အတူ နောက်ဆုံးမျည်းကြောင်းစီးရသည့် သူမှာ ချောင်ပုဟိန် ဟု ခေါ်သော သူ ဖြစ်၏။ သူသည်လည်း ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ ဖြစ်၏။ ချောင်ပုဟိန်သည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၉ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်၍ စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့်သို့ရောက်ဖို့ရာ တစ်ဆင့်သာ လိုတော့သည်။

အားလုံးက အပြင်စည်း တောင်တွင် နေထိုင်ရမည် ဖြစ်သော်လည်း တောင်အတွင်းတွင် ပိုင်းခြားထားသေး၏။ မိုဝူကျီ၊ ချောင်ပိုဟိန်နှင့် အခြားသော ၁၇ ယောက်တို့သည် လှေကား ၁၀ ထစ် မတက်လှမ်းနိုင်သည့်အတွက် ကျန်သူများက အထင်သေးစွာ ကြည့်နေကြ၏။ သို့သော်လည်း သူတို့သည် ကြာကြာ လှောင်ပြောင်မနေနိုင်ချေ။ သူတို့သည် နေထိုင်ရာအတွက် စာရင်းပေးရန် တန်းစီရဦးမည် ဖြစ်သည်။

ကျန်းရှောက်ရုက လှေကား ၁၃ ထစ် တက်လှမ်းနိုင်သည့်အတွက် အပိုင်း (ခ) တွင် နေခွင့်ရ၏။ ကျန်းရှောက်ရုက သူ့အား လာနှစ်သိမ့်ပေးဖို့ရန် မျှော်လင့်ဖို့ရာ မဖြစ်နိုင်ပေ။ အကြောင်းမှာ ကျန်းရှောက်ရုက မိုဝူကျီရှေ့မှာ လေလုံးထွားဖို့ရန် အချိန်ပင် မရလိုက်ပေ။ စာရင်းပေးရမည့်အချိန် ရောက်လာသည့်အခါ ကျန်းရှောက်ရုက မြန်မြန် ပြီးစီးရန် စိတ်မရှည်စွာ သွားလိုက်တော့သည်။

အပြင်စည်း ဂိုဏ်း တောင်သည် ဝိညာဉ်စွမ်းအားများက အပါးလွာဆုံးနှင့် အားအနည်းဆုံးဖြစ်သော ကောင်းကင်ဖွေရှာနန်းတော်၏ နယ်နမိတ် အနီးတွင် တည်ရှိလေ၏။ ထိုတောင်၏ ကောင်းချက်တစ်ခုမှာ ကောင်းကင်ဖွေရှာမြို့နှင့် နီးကပ်နေခြင်း ဖြစ်၍ ကောင်းကင်ဖွေရှာနန်းတော်မှ ထွက်ပြီး လေ့ကျင့်ရန် ဆန္ဒရှိသော ကျင့်ကြံသူများအတွက် အလွန်အဆင်ပြေ၏။

စာရင်းပေးပြီးနောက်တွင် မိုဝူကျီက တောင်ပေါ်သို့ တက်လာလိုက်သည်။ ထို့နောက်တွင် ထိုတောင်ပေါ်၌ သူတို့ အုပ်စု လူ ၂၀၀ တည်း နေတာ မဟုတ်ကြောင်း သိလိုက်ရ၏။ ထိုနေရာတွင် အနည်းဆုံး လူတစ်ထောင်လောက် ရှိနေပြီးသား ဖြစ်၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now