အခန်း (၁၉၅)

1.1K 148 0
                                    


အခန်း (၁၉၅) : အသက်ရှင်ဖို့ ကြိုးစားပါ

"ဘုန်း ..." လျှပ်စီးအလုံးက ပေါက်ကွဲသွားကာ သွေးများ ပြန့်ကျဲလာလေသည်။ နှာကောက် အမျိုးသားက ရှီကျင်းဝမ်၏ အရှိန်ပြင်းပြင်း ရောက်ရှိလာသည့် သဘာဝစွမ်းအားများကို ခုခံနိုင်စွမ်း မရှိတော့သည့်အတွက် အော်ငြီးလိုက်တော့သည်။

ရှီကျင်းဝမ်က သူမစွမ်းအားသည် ကန့်သတ်ချက်သို့ ရောက်နေမှန်း သိသည်။ ထိုသည်က သူမ အကောင်းဆုံး လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သူမက ထိုနှာကောက်ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေဖို့နှင့် ယန်အာနှင့်ကျန်သူများ ထွက်ပြေးချိန် ရရှိစေရန် မျှော်လင့်မိလေသည်။ နှာကောက်ကို မိုဝူကျီက ရုတ်တရက် တိုက်ခိုက်ကာ သူမ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိအောင် ဖြစ်စေလိမ့်မည်ကိုတော့ မမျှော်လင့်ထားပေ။ သူမ သဘာဝစွမ်းအားများက နှာကောက်ဆီ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူမက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်တော့သည်။ သူမက မိုဝူကျီ၏ ချောင်းမြောင်းတိုက်ခိုက်မှုသည် မည်သို့ အလုပ်ဖြစ်သွားကြောင်း သိချင်နေမိသည်။

အလှည့်အပြောင်း သို့မဟုတ် ခုခံမှုမရှိဘဲ ရှီကျင်းဝမ်၏ တိုက်ခိုက်မှုသည် နှာကောက်ကို အပြင်းအထန် ဒဏ်ရာရစေရုံလေး မဟုတ်ဘဲ အပြီးသတ် ရိုက်ချက် ဖြစ်သွားစေသည်။ နှာကောက်၏ ခါးက မိုဝူကျီ၏ လျှပ်စီးအလုံးနှင့် ထိထားသော အခိုက်အတန့် ရှီကျင်းဝမ် စွမ်းအားလှိုင်းများကြောင့် သူ့အတွင်း အင်္ဂါများမှာ စုတ်ပြဲသွားလေသည်။

မိုဝူကျီက ထိုသို့ အခွင့်ကောင်းကို မဖြုန်းတီးတော့ဘဲ ထျန်းဂျီတုတ်ကို ယူကာ လွဲရိုက်ချလိုက်တော့သည်။

"ဘမ်း... "

သွားချင်း ရိုက်သံကိုပင် ကြားနိုင်လေသည်။ နှာကောက်၏ ဦးနှောက်က မိုဝူကျီ ထျန်းဂျီတုတ် လက်ချက်ဖြင့် အသားရည်များ ဖြစ်သွားလေပြီ။

မိုဝူကျီက လေကို ဖြေးဖြေးချင်း မှုတ်ထုတ်လိုက်ပြီး ထျန်းဂျီတုတ်ကို သူ့နောက်မှာ ထားလိုက်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now