အခန်း (၁၀၇)

1.2K 173 1
                                    


အခန်း (၁၀၇) : ရတနာ သွေးပဒုမ္မာကြာ

မန်ပိုယူက ယန်အာသည် မိုဝူကျီ၏ ပျော့ကွက်မှန်း မသိခဲ့ပေ။ မဟုတ်လျှင် သူက ယန်အာကို အသုံးချကာ မိုဝူကျီကို အကြပ်ကိုင်လိမ့်မည်။

မိုဝူကျီက မန်ပိုယူ စကားများကို မကြားသကဲ့သို့ ဘေးကို လျှောက်သွားလိုက်ကာ ဓားကို ကောက်ယူပြီး တုန်ယင်နေသည့် ဝူခိုင်းဘက်သို့ လှည့်ကာ "တာဝန်ခံဝူ ဒီလူက အဆင့်နှစ် ဆေးလုံးဆရာ ဆိုတော့ ဒီနေရာမှာ သေသွားရင် ဘာလုပ်သင့်တယ်လို့ ထင်လဲ..."

ဝူခိုင်းက အံ့ကို ကြိတ်ထားရင်း ပြောလိုက်လေသည် "ဆေးလုံးသခင်မန်ကို ကယ်လို့ ရဦးမျာပါ ကယ်လို့....."

မိုဝူကျီနှင့် ယှဉ်လျှင် ယနေ့သာ မန်ပိုယူ သေသွားခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်ကို ဝူခိုင်းက ပိုသိလေ၏။ ဂိုဏ်းခေါင်းဆောင်ကို အသာထား မန်ပိုယူ၏ နောက်ခံ ဒုတိယအကြီးအကဲသည် တိုက်ရိုက်ရောက်လာပြီး မိုဝူကျီကို တပိုင်းတစီ ဆီ ဆုတ်ဖြဲပစ်လိမ့်မည်။ တစ်ဖက်တွင် မိုဝူကျီကို တစ်ကိုယ်ကောင်းဆန်စွာဖြင့် ဤနေရာကို ပေးခဲ့သည်မှာ သူဖြစ်နေသည့်အပြင် မန်ပိုယူကို ဤနေရာသို့ ခေါ်လာသည့် သူကလဲ သူ ဖြစ်နေပြန်၏။ သူ့အတွက် သေခြင်းတရားကို ရှောင်ရှားရန် ခက်ပေလိမ့်မည်။

သူက မိုဝူကျီသည် မန်ပိုယူကို သတ်ရန် စိတ်အားထက်သန်နေကြောင်း နားမလည်ပေ။ ထို့အပြင် မန်ပိုယူနောက်တွင် ချင်ချန်း၏ ဆရာ ဒုတိယအကြီးအကဲ ရှိလေသည်။ ပြီးတော့ ချင်ချန်း၏ အစ်မဖြစ်သူ ချင်ရှုန်းယူက မိုဝူကျီနှင့် ဆက်ဆံရေး ကောင်းကြသည် မလား....

မိုဝူကျီက တည်ငြိမ်စွာ ပြောလိုက်လေ၏ "တကယ်တော့ သူ့ကို ကယ်လို့ ရသေးတယ် ဒါပေမဲ့ သူက တာဝန်ခံဝူရဲ့ ပိုင်နက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်မိတယ် တာဝန်ခံ ဒေါသကို ဆွမိလို့ အသတ်ခံလိူက်ရတယ်...."

မိုဝူကျီက ထိုသို့ လုပ်ဆောင်လိုက်သောကြောင့် ဝူခိုင်းသည် သူဆိုလိုသည့် အဓိပ္ပါယ်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း.... ဝူခိုင်းက ကြမ်းကြုတ်ရက်စက်သော်လည်း ထိုသည်က အစေခံ တပည့်များအပေါ်သာ ဖြစ်၏။ မန်ပိုယူက အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်နေကာ သူ့သတ္တိ အဆသောင်းချီ ရှိလာလျှင်ပင် ထိုသို့ မလုပ်ဆောင်ရဲပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now