အခန်း (၃၆)

1.5K 241 0
                                    


အခန်း (၃၆) : မိုမျိုးနွယ်စု၏ မိန်းကလေး


ရွှေပြား ၂၀၀၀ အထိ ဈေးခေါ်သောအခါ ဖက်တီးသည် အံ့သြတုန်လှုပ်လာပြီး သူ့အဆီများပင် တုန်ခါလာကြပြန်သည်။ သူသည် အတည်မပြုခင် ကြာကြာ မစောင့်မိသည့်အတွက် ကိုယ့်ဘာသာ ပါးရိုက်ချင်နေသည်။

မဟုတ်သေးဘူး... ဒီအပို ရွှေပြား ၁၀၀၀ ကို ဘယ်နည်းနှင့်မှ လက်မလွှတ်နိုင်ဘူး.....

ထိုအတွေးဖြင့် သူသည် စိတ်လှုပ်ရှားစွာ အော်မေးလိုက်သည် "တစ်ယောက်က ရွှေပြား ၂၀၀၀ အထိ ဈေးခေါ်ထားတယ်.... တစ်ယောက်ယောက်များ ပိုပေးချင်....."

သူ့စကားမဆုံးခင်ပင် သူသည် လည်ပင်းတွင် လာထောက်နေသည့် အေးစက်စက် အရာတစ်ခုကို ခံစားမိလိုက်သည်။ သူသည် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ထက်ရှပြီး ပြောင်လက်နေသည့် ဓားဖြူကို နီးကပ်စွာ တွေ့လိုက်ရ၏။

"မင်း.... မင်း မြန်မြန် လွတ်ပေး.... ငါတို့က နွေဦးနတ်ဘုရားဂိတ် ညီလာခံရဲ့ စုစည်းရပ်မှာနော်.... မင်း ဘယ်လိုလုပ် ငါ့ကို တိုက်ခိုက်ရဲတာလဲ..." ဖက်တီးသည် အစက တုန်ယင်နေသော်လည်း မိုဝူကျီသည် သူ့အား ဘာမှ မလုပ်ရဲသည်ကို သိလာသည့်နှင့် အမျှ စကားပြောရာတွင် ယုံကြည်ချက်ရှိလာ၏။

မိုဝူကျီသည် သူ့လည်ပင်းထောက်ကာ ဓားကိုင်ထားသူ ဖြစ်၏။ လူထုကြီးသည်လည်း မိုဝူကျီ၏ အပြုအမူကို မြင်ကာ အံ့အားသင့်နေကြသည်။ ဤနေရာတွင် ကြမ်းတမ်းစွာ ပြုမူခြင်းသည် အသက်ကို အလေးအထားခြင်းပင် ဖြစ်သည်။

မိုဝူကျီသည် ရယ်မောကာ "ဖက်တီး.... ခင်ဗျားပဲ ကျွန်တော်ရဲ့ ခေါ်နှုန်းကို လက်ခံပြီးပြီလေ..... ကျွန်တော်တို့ ကြားက စကားအနေနဲ့လည်း ရှိပြီးပြီ.... ခင်ဗျားရော ကျွန်တော်ရော စကားတွေ ပြန်ယူလို့ မရဘူး ဆိုတာ သိပါတယ်..... ကျွန်တော်တို့က နွေဦးနတ်ဘုရားဂိတ် ညီလာခံရဲ့ စုစည်းရပ်မှာ ရှိတာလဲ ခင်ဗျားသိပြီးသား.....တကယ်လို့ အင်မော်တယ်သခင် တစ်ယောက်ယောက်သာ ခင်ဗျားက လူကျင့်ဝတ်သွေဖယ်နေတဲ့ စီးပွားရေးလုပ်ပြီး ကတိမတည်တဲ့လူဆိုတာ သိသွားခဲ့ရင် ဒီနေရာမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလေးစားတာ အဖြစ် ယူဆလို့ မရဘူးလား..... ဒီနေရာက ကျွန်တော်တို့ ကြားက စကားကို မတည်တာက ခင်ဗျား ဘာဖြစ်လာနိုင်တယ်ဆိုတာ သိရဲ့လား....."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now