အခန်း (၇၃)

1.3K 196 0
                                    


အခန်း (၇၃) : နောက်ဆုံးသော စီစဉ်မှု

"တာဝန်ခံဝူ...." မိုဝူကျီက ဝူခိုင်း အိမ်နေရာသို့ ရောက်လာခဲ့သောအခါ ဝူခိုင်း၏ နေရာအနေအထားကို နှိုင်းယှဉ်ကြည့်လိုက်လျှင် သူ့၏ အခန်းကား ထိုမျှ မဟုတ်ပေ။ ဝူခိုင်း၏ အိမ်သည် သူလောက် နေရာမကျယ်ဝန်းသော်ငြား ဤနေရာတွင် ရှိ‌သော ဝိညာဉ်စွမ်းအားများသည် သူ့နေရာထက် အဆပေါင်းများစွာ ပိုများလေသည်။ ထို့ကြောင့်ပင် မိုဝူကျီက ဝိညာဉ်စွမ်းအားများကို မျှော်မှန်းထားသည့် စုစည်းမှု အခြေအနေရောက်ရှိအောင် လုပ်ပေးနိုင်သည့် နည်းလမ်းများရှိလားဟုပင် သံသယဖြစ်မိလေသည်။ မြေကမ္ဘာဂိုဏ်းအဆင့် အစေခံ တပည့်တစ်ယောက်အနေနှင့် ကောာင်းကောင်း ဆက်ဆံခံရခြင်း ဖြစ်ကာ ထိပ်တန်းဂိုဏ်းများ၏ အဓိက တပည့်များမူ ဘယ်လို ဖြစ်နေမည်နည်း...... သူတို့သည် မည်သို့သော အထူးအခွင့်အရေးများ ရရှိနေကြသနည်း......

"ဟားဟား ညီလေးမို..... ငါ့ကို လာတွေ့ဖို့ အချိန် ဘယ်လိုများ ရလာတာလဲ....." ဝူခိုင်းက မိုဝူကျီ အဝေးမှ ချည်းကပ်လာသည်ကို မြင်သောအခါ သူစောစီးစွာ ထွက်မသွားမိခြင်းကို နောင်တရမိလာလေသည်။

အစေခံတပည့်များ၏ တာဝန်ခံ တစ်ယောက်အနေနှင့် မိုဝူကျီ အလုပ်လုပ်နေသည့် ဆေးဖော်စပ်ခန်း ၁၉ ကို ဆေးလုံးသခင်ရှီက ဤမနက်တွင် အသုံးပြုကြောင်း သိထားလေသည်။ ဆေးလုံးသခင်ရှီသည် ဆေးလုံးစမ်းသပ်ခန်း ခုနှစ်ကြိမ် ဆက်တိုက်ပြောင်းခဲ့ပြီး အလုပ်လုပ်နေသူများကို မောင်းထုတ်လေ့ရှိသည်။ ယခု မိုဝူကျီက ဤနေရာသို့ ရောက်လာခြင်းမှာ ဆေးလုံးသခင်ရှီက နောက်တစ်ကြိမ် ထပ်ကျရှုံးခဲ့၍ မိုဝူကျီကို မောင်းထုတ်ခဲ့ခြင်း ဖြစ်လောက်မည်။ ဝူခိုင်းဆီမှ တခြားသော အလုပ်တစ်ခု လာတောင်းခြင်းမှာ ပြောဖို့ရာ မလိုအပ်တော့ပေ။ သို့သော်လည်း မိုဝူကျီ၏ အလိုဆန္ဒကို ပင်လယ်ကျားသစ်ပျံဥမျက်နှာဖြင့် ဖြည့်ဆည်းပြီးခဲ့ပြီး ဖြစ်လေ၏။ ဝူခိုင်းကား နောက်တစ်ကြိမ် အသာစီးရသော အပေးအယူမျိုး ထပ်လုပ်ချင်သေး၏ "တာဝန်ခံဝူ.... စောစော မလာခဲ့တဲ့အတွက် တောင်းပန်ပါတယ်..... ကျွန်တော်ရဲ့ ဒုတိယမြောက် လာတွေ့ဆုံခြင်းမှာ ဒုက္ခပေးမိတဲ့အတွက်လည်း စိတ်မကောင်းပါဘူး...." မိုဝူကျီက အဝေးမှ အပြုံးလေးဖြင့် ခါးညွှတ်ကာ ပြောလိုက်လေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now