အခန်း (၁၃၉)

1.1K 142 1
                                    

အခန်း (၁၃၉) : ဧရာမ ရေခဲတောင်ကြီး

"ဟုတ်ပါတယ် သူက မိုဝူကျီပါ ကျွန်မကို ဒီလက်ပတ်ပေးထားတဲ့သူလေ..." ချူဝမ်အာ က ပြန်ဖြေလိုက်သည်။

ဟော်ယွီချန်က ရယ်မောရင်း ပြောလိုက်သည် "ဒီလိုဆိုမှတော့ ဂျူနီယာဝမ်အာပဲ ဒီလျှပ်စီးအက်ကွဲမြက်ကို သိမ်းထားလိုက်ပါ....."

မိုဝူကျီနှင့် ဟော်ယွီချန်တို့ နှစ်ယောက်လုံးက လျှပ်စီးအက်ကွဲမြက်ကို မလိုချင်မှတော့ ချူဝမ်အာက သိမ်းထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

"ဆေးလုံးသခင်မို ဘယ်လိုလုပ် ဒီထိရောက်လာတာလဲ..." ချူဝမ်အာက လျှပ်စီးအက်ကွဲမြက်ကို သိမ်းဆည်းထားလိုက်ပြီးတော့ မေးလိုက်သည်။

သူမက မိုဝူကျီကို သူ့ကျင့်ကြံဆင့် အနိမ့်လေးဖြင့် ဒီနေရာထိ ဘယ်လိုရောက်လာတာလဲ ဟု မေးချင်တာ ဖြစ်သည်။ သူ ဝင်လာကတည်းက ထိုမျှ အဝေးကြီး မည်သို့ ရောက်လာသနည်း။

မိုဝူကျီ၏ ခြေလှမ်းကျဲဖြင့် မရပ်မနားလျှောက်လာလျှင်ပင် ဤနေရာသို့ ရောက်ဦးမည် မဟုတ်ပေ။ မိုဝူကျီက ထိုမျှ ရောက်ဖို့ရာ ရက်တချို့ မနားတမ်း ပြေးလာခဲ့မှန်း သူမ မသိပေ။

မိုဝူကျီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည် "ကျွန်တော်လည်း မသိဘူး လျှောက်ရင်းလျှောက်ရင်းနဲ့ ရပ်လိုက်တဲ့အခါ ဒီနေရာ ရောက်နေတာပဲ...."

ချူဝမ်အာက မိုဝူကျီ အင်တင်တင် ဖြစ်နေသည်ကို သတိပြုမိပြီး ထပ်မမေးတော့ပေ။ ထို့အစား ဟော်ယွီချန်က အရင်မေးလိုက်တော့သည် "ညီလေးမို ဒီနေရာမှာ ရေခဲတောင်ရှိတယ် အဲဒီမှာ ရေခဲ သဘာဝနဲ့ ရေသဘာဝ စစ်မှန်ခြင်း နတ်ဘုရားပန်း နှစ်ပွင့် ရှိတယ်တဲ့ သွားကြည့်ဖို့ ငါတို့နဲ့ လိုက်ချင်လား..."

မိုဝူကျီက ခဏတာ ကြောင်သွားလေသည်။ တုန့်လွန်သည် ကျန်းဟယ်ဖေးကို သတ်သည်က ရေခဲတောင်၏ လျှို့ဝှက်ချက်ကို ပေါက်ကြားမှာ စိုး၍ မဟုတ်ပေဘူးလား အခုတော့ အားလုံးက သိနေကြတာတဲ့လား....

ချူဝမ်အာက မြန်မြန် ပြောလိုက်သည် "စီနီယာဟော် ဆေးလုံးဆရာမိုက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ပဲ ရှိသေးတာလေ ရေခဲတောင်ဆီ သွားနေကြတဲ့ အားလုံးက အဆင့်မြင့်တဲ့သူတွေချည်းပဲလေ ဆေးလုံးဆရာမို သွားလို့ အဆင်ပြေပါ့မလား...."

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now