အခန်း (၁၀၂)

1.2K 171 0
                                    


အခန်း (၁၀၂) : ပါဝင်ငြိစွန်းမှု

ဆေးဘုရင် တောင်ထိပ်

သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းရှိ တောင်ထိပ် အမည်တွင် "ဓား" ဟု မပါရှိသော တစ်ခုတည်း‌သော တောင်ထိပ် ဖြစ်လေ၏။ ထိုသည်က ယန်ချင်ယင်နေသော နေရာ ဖြစ်သည်။ ဆေးဘုရင် တောင်ထိပ်ကား ဝိညာဉ်ဆေးပင်များဖြင့် ဝေဝေဆာဆာ ရှိလှသည်ဟု ဆိုရိုး ရှိဖူးလေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အခြားသော တောင်ထိပ်များကဲ့သို့ ဖြစ်လာကာ ဝိညာဉ်ဆေးပင်များကို ကျင့်ကြံသူများက စိုက်ပျိုးနေကြရ၏။

မိုဝူကျီက ဆေးဘုရင် တောင်ခြေသို့ ရောက်သောအခါ သူ့အား ချက်ချင်း ဟန့်တားခံလိုက်ရ၏။ ထိုသည်က ဆေးပင် သယ်ယူရေး မိန်းကလေး ဖြစ်ကာ အသက်က ၂၀ ပင် မရှိလောက်သေးချေ။

"ဂျုနီယာ ညီမကို နှုတ်ဆက်ပါတယ် ကျွန်တော်က ပဒုမ္မာကြာ ဓားတောင်က မိုဝူကျီပါ စီနီယာ အစ်မယန်ကို လာတွေ့တာပါ တဆင့် သတင်းပို့ပေးပါဦး " မိုဝူကျီက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းတစ်ခုလုံးတွင် သူ့၏ ပဒုမ္မာကြာ ဓားတောင်တစ်ခုသာ အကာအကွယ်မရှိ ဖြစ်နေသည်ကို သိလိုက်ရ၏။ သူ့အတွက် မလိုအပ်၍ မဟုတ်ဘဲ ထိုသို့ ခန့်အပ်ရန် အာဏာ မရှိ၍သာ ဖြစ်၏။

"ပဒုမ္မာကြာ ဓားတောင်က စီနီယာ အစ်ကိုမိုကို ဆေးလုံးသခင်ယန် ထွက်မသွားခင် စီနီယာ လာရင် တိုက်ရိုက်ဝင်ခိုင်းလိုက်ပါ လို့ မှာသွားပါတယ်ရှင့် ယန်အာကို ပြန်ခေါ်သွားလို့ ရပါပြီ ...." ဆေးပင် သယ်ယူရေး မိန်းကလေးက အရိုအသေပြုကာ မြန်မြန် ပြောပြလိုက်သည်။

မိုဝူကျီက စိတ်မပျက်ဘဲ မနေနိုင်ချေ။ သူက ထပ်၍ မေးမြန်းလိုက်တော့သည် "စီနီယာ အစ်မယန် ဒီမှာ မရှိဘူးလား..."

ယန်အာကို လာခေါ်ရင်း ယန်ချင်ယင်ကို ပဒုမ္မာကြာ ဓားတောင်အကြောင်းကို မေးမြန်းရန် ကြံစည်ထားခြင်း ဖြစ်၏။ အဓိကကား သွေးပဒုမ္မာကြာ အကြောင်းကို သိချင်တာ ဖြစ်သည်။

"စီနီယာ အစ်မယန်ကို ဆေးလုံးဆရာများ ဖလှယ်ခြင်းမှာ ပါဝင်ဖို့ ဖိတ်ကြားထားတယ် ဒါနဲ့ စီနီယာ အစ်ကို အနားယူဖို့ ကျွန်မနောက်က လိုက်ခဲ့ပေးပါနော်" မိန်းကလေးက ယှဉ်ကျေးစွာ ပြောလိုက်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now