အခန်း (၉၀)

1.3K 195 0
                                    


အခန်း (၉၀) : သံမဏိ တိုင်လုံး

"မင်း...." ချောက်ဝမ်ဘင်းက မိုဝူကျီကို ဒေါသတကြီး လက်ညိုးထိုးလိုက်ပြီး သူသည် မိုဝူကျီကို သင်ခန်းစာ ပြန်ပေးသင့်ကြောင်းပင် မေ့လျော့နေလေသည်။ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းတွင် နေစဉ် ကာလပတ်လုံး သူသည် အစေခံတစ်ယောက်မှ သူ့အား ဆန့်ကျင်ရဲသည့် ကိစ္စရပ်မျိုးနှင့် တစ်ခါလေးမျှ မကြုံတွေ့ဖူးပေ။

မိုဝူကျီက ကြောက်စိတ်တချို့ ဖုံးလွှမ်း၍ ရှေ့သို့ တက်လှမ်းလာ လိုက်လေသည်။ ကံကောင်းလှစွာ ထိုလူသည် ပထမအကြိမ်တွင် ဘာမှ လုပ်ခွင့်မရသွား၍ ဖြစ်သည်။ အကယ်၍ ယန်အာသာ အမှန်တကယ် ထိခိုက်သွားပြီး မသန်မစွမ်း ဖြစ်သွားခဲ့ပါက မိုဝူကျီအတွက် နောင်တရရန် အလွန်နောက်ကျသွားပေလိမ့်မည်။ ထိုမတော်တဆမှုကား သူ့အား အသိပြန်ဝင်စေ၏။ အနာဂါတ်တွင် မည်သို့ပင် ဖြစ်လာပါစေ ယန်အာကို သူနှင့်အတူ ခေါ်သွားရန် လိုအပ်ပေမည်။

မိုဝူကျီက နောက်တစ်ခါ ထပ်ရိုက်မည်ကို မြင်၍ ဝူခိုင်းက အလျှင်အမြန် အော်တားလိုက်ရ၏ "ညီလေးမို ကျေးဇူးပြုပြီးတော့ သူ့ကို ဆက်မရိုက်ပါနဲ့တော့လား ဒီလိုဆိုရင် မင်းကိုယ်မင်း ပြန်ထိခိုက်မိလိမ့်....."

အကယ်၍ မီးတောက်ဓား အထွတ်အထိပ် သခင်သာ ဒေါသထွက်သွားပါက ရှီဂျွန်က သူ့အား ကာကွယ်ပေးလျှင်ပင် မိုဝူကျီသည် သေခြင်းတရားမှ ကင်းလွတ်လိမ့်မည် မဟုတ်ပေ။ မိုဝူကျီ၏ သေခြင်းသည် ဝူခိုင်းအတွက် များစွာ အဓိပ္ပါယ်မရှိသော်လည်း ဝူခိုင်းသည် အချိန်များကို ရင်းနှီး၍ သူတို့ကြားမှ ဆက်ဆံရေးကို တည်ဆောက်ခဲ့ရသေးသည် မဟုတ်ပါလော....

"မင်းလို ကောင်မျိုးက ငါ့ကို ရိုက်ရတယ်ပေါ့...." ချောက်ဝမ်ဘင်းသည် အသိစိတ်ပြန်ကပ်လာသောအခါ မိုဝူကျီကို ဒေါသတကြီး လက်ညိုးထိုးလိုက်ကာ ပြောလိုက်လေသည်။ ဒေါသထွက်လွန်း၍ သူမျက်နှာပင် အစိမ်းရောင် သန်းနေလေ၏။ အစေခံတစ်ယောက်ထံတွင် အရိုက်နှက် ခံရသည်က အလွန်ပင် ရှက်ဖွယ် ကောင်းလှလေသည်။

"တာဝန်ခံဝူ ဒီလူသာ အရင်တကြိမ်က ထွက်မသွားခဲ့ရရင် ယန်အာ ဘာဖြစ်သွားမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ... သူ့ကို ရိက်သင့်လား မရိုက်သင့်ဖူးလား ဆိုတာ ပြောပြစမ်းပါ " မိုဝူကျီ၏ အမူအယာကား အလွန်ပင် ဆိုးရွားနေလေသည်။ အကယ်၍ ယန်အာကို ဝူခိုင်း ကူညီခဲ့ခြင်း မဟုတ်ပါက ဝူခိုင်းအား ရှင်းပြနေမည် မဟုတ်ချေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now