အခန်း (၃၁)

1.6K 239 0
                                    


အခန်း (၃၁) မိုဝူကျီ၏ ပြောင်းလဲမှု


"မင်းက သေချင်နေတာပဲ....." ချောင်ဟောင်သည် သူ့ခါးမှ ဓားကို ဆွဲထုတ်ကာ ပြောလိုက်သည်။

"မင်းသားလေး.... အလျှင်မလိုပါနဲ့ မဟုတ်ရင် ကျွန်တော်တို့ အားလုံး ဒုက္ခများကုန်လိမ့်မယ်...." ယန်ဂျွန်ဆောင်သည် ချောင်ဟောင်အား အလျှင်အမြန် တားဆီးလိုက်၏။

ချင်ယွီပြည်နယ်မှ မိတ်ဖက်အဖွဲ့လေးခုတွင် ယန်ဂျွန်ဆောင်သည် ပေါင်းသင်းဆက်ဆံရေး အကောင်းဆုံးလူ ဖြစ်၏။ သူသည် အမြဲတမ်း ပြုံးနေတတ်ကာ မိုဝူကျီကဲ့သို့ အစောင့်ပေါ်တွင် ဟန်ပန် မရှိချေ။

ဖန်ချန်မှူးမတ်ကြီး၏ ဆက်ခံသူ ဂျီချန်းဟယ်သည်လည်း ရှေ့ထွက်လာကာ ချောင်ဟောင်အား အကြံပေးလိုက်သည်။

ဤနေရာသည် ရှင်းဟန်အင်ပါယာတစ်ခုလုံးမှ လူတော်များသည် ချန်လောင်သို့ ခရီးထွက်လာကြသည့် နေရာဖြစ်၏။ ဤနေရာတွင် ပြဿနာရှာခြင်းသည် အပြစ်ပေးခံရလိမ့်မည်။ ပေါ့လျော့သော ပြစ်ဒဏ်သည် ပါဝင်တက်ရောက်ခွင့်ကို ရုတ်သိမ်း၍ အိမ်ပြန်လွှတ်ရုံမျှသာ ဖြစ်လိမ့်မည်။ သို့သော်လည်း အခြားတစ်ဖက်တွင် ပြစ်ဒဏ်သည် သေမိန့်ချခြင်းကဲ့သို့ ပြင်းထန်သည်မျိုးနှင့်လည်း ကြုံတွေ့နိုင်သည်။ စီရင်စု၏ မင်းသားပင် ဖြစ်စေကာမူ အသတ်ခံရကိန်း ရှိ၏။ ချင်ယွီပြည်နယ်မှ လူတော်သည် ဤကြီးမားလှသည့် ရှင်းဟန်အင်ပါယာတွင် ဘာမှ မဟုတ်ချေ။

ချောင်ဟောင်သည် ထေ့ငေါ့ကာ မိုဝူကျီအား ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်ကာ ဟိုတယ်ထဲသို့ ဝင်သွားခဲ့သည်။ ကြည့်ရသည်မှာ ချောင်ဟောင်သည် မိုဝူကျီအား ထပ်၍ မလိုလားကြောင်း မလုပ်ဆောင်လောက်တော့ပေ။

"မိုဝူကျီ.... ရှင်က မမလေးကို ကူညီဖူးတယ်ဆိုတာနဲ့ ရှင် လုပ်ချင်တာ လုပ်လို့ရနေတာ မဟုတ်ဘူး.... ဒီလို ထပ်လုပ်ရင် ကျွန်မတို့က ရှင့်ကို ချက်ချင်း ချင်ယွီပြည်နယ်ကို ပြန်ပို့ပစ်မှာ......." ရှောက်လန်သည် မိုဝူကျီအား မလိုလားစွာ ကြည့်ကာ ပြောလိုက်လေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now