အခန်း (၂၆)

1.7K 271 0
                                    


အခန်း (၂၆) : မိုးကြိုးမြူတောရှိ လျှပ်စီးရေကန်


မိုဝူကျီသည် တရှဲရှဲအသံမကြားတော့သည့်အထိ ဆက်တိုက်ပြေးလွှားနေလေသည်။ မြင်ကွင်းတွင် နှလုံးဖောက်မြွေများ မရှိတော့သည်ကို သတိပြုမိပြီး လှည့်ကြည့်လိုက်ရင်း သက်ပြင်းချမိလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင် ယခုအထိ အန္တရာယ်မကင်းရှင်းသေးကြောင်း သိရှိသည်။

ထူထည်းသည့် မြူများနှင့် မြင့်မားသော သစ်ပင်များသည် သူ့အား ကောင်းကင်ကို မမြင်စေရန် ကာဆီးထား၏။

ထိုအချိန်တွင် သူသည် တောစပ်ကျော်လွန်လာ၍ မိုးကြိုးမြူတောနက်ထဲသို့ ရောက်နေကြောင်း သေချာလေသည်။

မိုဝူကျီသည် ဟန်နင်နှင့် အတူပါသွားသည့် အခြားသော အစောင့်များ၏ တည်နေရာကိုလည်း ရှာဖွေရန် မကြိုးစားတော့ချေ။ သူသည် အချိန်တိုအတွင် မြန်မြန်ထွက်သွားနိုင်ရန်သာ လိုအပ်လေသည်။

သူသည် မိုးကြိုးမြူတောသို့ အရင်က မရောက်ဖူးသော်လည်း ဤတောအုပ်အကြောင်း ပြောစမှတ် တစ်ခုချင်းစီကို ယုံကြည်၏။ သူသည် တောအုပ်ထဲ ဝင်လာသည့် အခိုက်အတန့်တွင်ပင် စိုးရိမ်မှု ခံစားနေရသည်။

"ဘုန်း......" သစ်ပင်အကြီး တစ်ပင်သည် လဲကျလာပြီး မြူထဲမှ အရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။ တောအုပ်၏ မှိန်ဖျော့ဖျော့ အလင်းရောင်ပံ့ပိုးပေးမှုကြောင့် မိုဝူကျီသည် ထိုအရိပ်နှစ်ခုကို မြင်လိုက်ရသည်။

မိုဝူကျီသည် သူတစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော သားရိုင်းနှစ်ကောင်ကို မြင်ရုံနှင့်တင် ခေါင်းကျိန်းစပ်လာ၏။ တစ်ကောင်တွင် မျက်လုံးသုံးလုံးပါရှိပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးအား ကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ကျန်တစ်ကောင်သည် ပါးစပ်နားရှိ အမွှေးများတွင် သွေးများပေကျံနေသော ခြင်္သေ့တစ်ကောင်နှင့် တူလှသည်။

သားရိုင်းနှစ်ကောင်သည် မိုဝူကျီအား မြင်ဟန် မပေါ်။

"ဝေါင်း....." သားရဲနှစ်ကောင်၏ စူးရှလှသည့် မာန်ဖီသံများသည် မိုဝူကျီ၏ နှလုံးခုန် အလွန်မြန်လာလေ၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now