အခန်း (၁၇၁)

1.1K 147 0
                                    


အခန်း (၁၇၁) : ရိုးရိုးလေးချီ၏ မမှားသင့်သော အမှား

ချွီကျန်းယွမ်က သူတို့၏ ငြင်းခုံမှုကြား ဝင်ဖြတ်ပြောလိုက်ပြီး "အကြီးအကဲဂျင် အတည်မပြုရသေးတဲ့အရာအတွက် ကောင်းကင်ဖွေရှာနန်းတော်ရဲ့ နာမည် ဒါမှမဟုတ် တာအိုဂိတ်ရဲ့နာမည်ကို မသုံးတာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ အဲအပြင်စည်းတပည့်က လေ့ကျင့်ဖို့ ထွက်သွားတာ ဆိုရင် မသေချာတဲ့ အခြေအနေအောက်မှာ သူ့ကို ပြန်ခေါ်ဖို့အတွက် ဝရမ်းမထုတ်သင့်ဘူးလေ ...."

အထဲတွင် ဂျင်ယွီက ချွီကျန်းယွမ် ပြောသည့်အရာကို မုန်းတီးလှသည်။ သူက ကောင်းကင်ဖွေရှာနန်းတော် နာမည် မသုံးလျှင်ပင် ထိုအပြင်စည်းတပည့်ကို ပြန်လာအောင် ဝရမ်း ထုတ်နိင်သေး၏။ ပညာရပ်ခန်းမတွင် ဂျင်ကျွိကျန်း နေရာကို လုရဲသည့်အချက်ကပင် သူ့အတွက် မိုဝူကျီကို ညှာညှာတာတာ မရှိ အပြစ်ပေးဖို့ရာ လုံလောက်နေလေပြီ။

"ကဲ .... လူစုခွဲကြစို့ .." ယခု သူတို့သည် ထိုကိစ္စတွင် အပြင်စည်းတပည့် ပါဝင်နေသည်ကို သိရှိပြီးပြီ ဖြစ်၍ ချွီကျန်းယွမ်က ထပ်၍ မပြောလိုတော့ပေ။ ဂျင်ယွီက အမြဲတမ်း အမြော်အမြင်ကြီး၍ သူ့လူများအပေါ် ကာကွယ်တတ်သည့်သူ ဖြစ်သည့်အတွက် သူ့ကို တားဆီး၍ ရမည် မဟုတ်ပေ။

တာအိုဂိတ်တွင် ပါရမီရှင် တပည့်အနေနှင့် ဂျင်ကျွိကျန်း တစ်ယောက်တည်း မဟုတ်ပေ။ ထို့အပြင် သူက ယခင်ကတည်းမှ ဂျင်ကျွိကျန်းကို မနှစ်သက်ခဲ့သည့်အတွက် သူသေလျှင် သေဆုံးတာသာ ဖြစ်သည်။ ဘာမှ ထွေထွေထူးထူး မခံစားမိပေ။

ကန္တာရထဲ ရောက်သွားပြီးနောက် မိုဝူကျီက လုံးဝစိတ်အေးလက်အေး ဖြစ်သွားတော့သည်။ ဤ အဆုံးမရှိသည့် ပျောက်ဆုံးကောင်းကင်မြို့ပျက်ထဲတွင် သူ့အား ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ချေ။ သူက ထိုကိစ္စအတွက် ဆိုင်အကူကို ကျေးဇူးတင်ရလိမ့်မည်။ အကယ်၍ ဆိုင်အကူသာ သူ့ကို ခေါ်မထုတ်ခဲ့လျှင် တယောက်ယောက်၏ ထောင်ခြောက်အတွင်းသို့ သက်ဆင်းသွားလောက်လေပြီ။

သို့သော်လည်း ဆိုင်အကူ ညွှန်းပေးသည့် ရိုးရိုးလေးချီသည် စိတ်စွမ်းအင် ကျောက်တုံးများကို အဆမတန် တောင်းသော်လည်း ပထမအကြိမ်တည်းဖြင့် ကောင်းကင်လမ်းပန်း တည်နေရာကို ရှာတွေ့ခဲ့လေသည်။ ထိုမှတဆင့် သူသည် ရိုးရိုးလေးချီဆိုင်သို့ ဆိုင်အကူ လမ်းညွှန်ပေးသည့် ပထမဆုံး လူ မဖြစ်နိုင်ပေ။ ကြည့်ရသည်မှာ ဆိုင်သည် တရားဝင် ဖြစ်ဟန် ပေါ်သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now