အခန်း (၁၇၆)

1.1K 149 0
                                    


အခန်း (၁၇၆) : ကွက်ကျော်ခြင်း

အရပ်ရှည်ရှည် အမျိုးသားက စိတ်စိတ်စွမ်း ကျောက်တွင်းသို့ ဝင်လာသည့်အခါ သူ့မျက်နှာကား ချက်ချင်းပင် ပြောင်းလဲသွားလေ၏။

"ဘာဖြစ်တာလဲ .. " ရိုးရိုးလေးချီက ညင်ညင်သာသာ မေးလိုက်သည်။ သူက အရပ်ရှည်ရှည် အမျိုးသား၏ အမူအယာကို မြင်တွေ့ပြီးပြီ ဖြစ်၏။ ကြည့်ရသည်မှာ သူ့စိတ်ထင့်မှုက မှားတော့ မမှားချေ။ သူက အခက်အခဲများစွာနှင့် နောက်ဆုံးတွင် နတ်ဘုရားရွေနေကြာကို တွေ့သော်လည်း အခိုးခံလိုက်ရသည်လား .... သူက အော်ဟစ်ငိုချင်သော်လည်း မျက်ရည် ထွက်မလာပေ။

အရပ်ရှည်ရှည် အမျိုးသားက မျက်ရည်များ ရွဲနေပြီး ပြောလိုက်သည် "တစ်ယောက်ယောက် လာပြီး နတ်ဘုရားရွှေနေကြာကို တူးသွားပြီ. .."

ရိုးရိုးလေးချီက လက်သီး တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သောကြောင့် သွေးကြောများပင် ထောင်နေလေသည်။ သူ့လက်များက ဒေါသကြောင့် တုန်ခါနေ၏။ သိသာလှစွာ သူ့စိတ်ထဲမှ ဒေါသတရာများကို မြင်နိုင်လေသည်။

ထိုသည်က ရိုးရိုးလေးချီ တစ်ယောက်တည်း မဟုတ်ပေ။ ပုဝါနက်နှင့် အမျိုးသမီးက အသက်ရှုထုတ်သံကား မြန်ဆန်လာလေသည်။ သူမသည်လည်း ဒေါသထွက်နေခြင်း ဖြစ်သည်။

"မင်းတို့ သုံးယောက်အပြင် ဒီနေရာကို တခြား ဘယ်သူသိသေးလဲ ... " ခဏကြာသည့်အခါ ရိုးရိုးလေးချီက ပြောလိုက်သည်။

အရပ်ရှည်ရှည် အမျိုးသားက ခေါင်းခါပြကာ "မရှိဘူး.. ကျွန်တော်တို့ သုံးယောက်တည်းသိတာပါ ..."

အကယ်၍ မိုဝူကျီသာ ရှိနေမည် ဆိုလျှင် ထိုလူကို ငတုံးငအ ဟု ခေါ်မိလောက်သည်။ သူသာ ဖြေရမည့်သူ ဆိုလျင် သူက သေချာပေါက် သူတို့အပြင် နောက်ထပ် သိသေးသည့်သူ ရှိကြောင်း ပြောလိမ့်မည်။ ထို့အပြင် ထိုသူ၏ နေရာကိုပါ သိကြောင်း ထပ်ပြောလိုက်မည်။ ထိုနည်းလမ်းဖြင့် ရိုးရိုးလေးချီသည် သူ့ကို ချက်ချင်း သတ်မည် မဟုတ်ပေ။ သူ့အား ဆက်၍ လမ်းပြခိုင်းလိမ့်မည်။

ရိုးရိုးလေးချီနှင့် ပုဝါနက် အမျိုးသမီးတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ထိုကျင့်ကြံသူက လိမ်ညာနေတာ မဟုတ်ကြောင်း ပြောနိုင်သည်။ ရိုးရိုးလေးချီက လက်ဝါးနှစ်ချက် လွတ်လိုက်တော့သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now