အခန်း (၁၅၄) [Book 11 End]

1.2K 159 0
                                    


အခန်း (၁၅၄) : ကောင်းကင်ဖွေရှာနန်းတော်

မိုဝူကျီက ကောင်းကင်ဖွေရှာနန်းတော် နေရာသို့ နောက်တစ်ကြိမ် ထပ်ရောက်ခဲ့ပြန်၏။ သူတို့ ယခင်က လာဖူးသည့် ဆေးလုံးဆရာများ ဆွေးနွေးပွဲ ခန်းမသို့ လမ်းညွှန်ထားသည့် ဆိုင်းဘုတ်များကို တွေ့လိုက်ရသည်။

ခန်းမတံခါးများက ကျယ်ကျယ်ဖွင့်ထားပြီး လူအများက ဝင်ချည်ထွက်ချည် အလုပ်ရှုပ်နေကြသည်။

မိုဝူကျီက ခန်းမအတွင်းသို့ ဝင်လိုက်သည့်အခါ ဆိုင်းဘုတ် နှစ်ခုကို တွေ့လိုက်ရပြန်သည်။ လက်ဝဲဘက်ကား အပြင်စည်းတပည့်များ လက်ခံသည့်နေရာ ဖြစ်ပြီး ညာဘက်တွင် အတွင်းစည်းတပည့်များအတွက် ဖြစ်၏။ ထိုစဉ် တစ်ယောက်ကမှ စာရင်း လက်ခံခြင်း မရှိတော့ပေ။ လက်ခံသည့် ကာလပြီးဆုံးသွားကြောင်း သိသာလှ၏။

မိုဝူကျီက ဖွားဖွားလင်းလောင် ပေးထားသည့် ကျောက်စိမ်းပြားကို ထုတ်ယူတော့မည့်ဆဲဆဲတွင် အသံချိုချိုလေးကို ကြားလိုက်ရ၏ "စီနီယာအစ်ကိုမို... ဒီကို စာရင်းလာပေးတာလား...."

စကားပြောလိုက်သည့် သူက မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦး ဖြစ်၏။ သူမက နူးညံ့သိမ်မွေ့ကာ လှပပေသည်။ ထို့အပြင် သူမမျက်နှာတွင် ကြည်နူးဖွယ် အပြုံးတစ်ပွင့် ပန်ဆင်ထားသေး၏။

"မင်းကိုး..." မိုဝူကျီက ထိုအမျိုးသမီးကို အကြမ်းဖျင်း မှတ်မိလိုက်သည်။ ယခင် သူ ဖွားဖွားလင်းလောင်ကို လာရှာစဉ်က ထိုအမျိုးသမီးသည် ကျိုးရှောက်ယီဘေးတွင် ရှိနေခဲ့၏။ သူမသည် ကျိုးရှောက်ယီ၏ အစ်မကြီး ဖြစ်လိမ့်မည်။ ကျိုးရှောက်ယီက သူ့ကို မြင်သောအခါ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဖြစ်သွားသည်။ သူမ အစ်မဖြစ်သူက "စီနီယာအစ်ကိုမို" ဟု ခေါ်ရင်း သူ့ကို ဦးစွာ နှုတ်ဆက်လိမ့်မည်ဟုလည်း မျှော်လင့်မထားပေ။

အမှန်တကယ်တော့ ကျိုးရှောက်ယီ၏ အစ်မကြီးက ကျိုးရှောက်ယီထက် ပို၍ လှပပေသည်။ သူမက ရှိရင်းစွဲထက် ပိုအသက်ကြီးစေဟန် နှင့် မထင်ရှားစေရန် အလို့ဌာ မီးခိုးရောင်ဝတ်စုံကို ရည်ရွယ်ချက်ရှိရှိ ဝတ်ဆင်ထားခြင်း ဖြစ်၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now