အခန်း (၁၆၃)

1.1K 156 0
                                    


အခန်း (၁၆၃) : သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်း

သူက ထိုသို့ အဖြစ်အပျက်မျိုးကို တစ်ခါမှ မကြုံဖူးသည့်အတွက် မိုဝူကျီ ရိုက်ချက်သည် သူ့စိတ်ဓာတ်ကိုပါ ရိုက်ချိုးပစ်ခဲ့သည့်အတွက် ခဏတာ ကြောင်စီစီ ဖြစ်သွားလေသည်။ သူက မိုဝူကျီ ပြောသည့်အတိုင်း ဘေးသို့သွား၍ ထိုင်ချလိုက်တော့သည်။ အခြားသော အဝါရောင်ဝတ်စုံနှင့် အတွင်းစည်းတပည့်များလည်း တစ်ခွန်းမျှ မပြောရဲဘဲ မြန်မြန် လိုက်သွားလိုက်တော့သည်။

ထိုအတွင်းစည်းတပည့်များတွင် ထိပ်တန်း ဝိညာဉ်ကြောရှိကောင်းရှိနိင်သော်လည်း သူတို့က မိုဝူကျီနှင့် မယှဉ်နိုင်ကြချေ။ အားကောင်းလှသည့် မိုဝူကျီရှေ့တွင် တစ်ယောက်မှ ဘာမှ မပြောရဲကြချေ။

ထိုစဉ် တပည့်အားလုံးက အခန်းနောက်ဘက်တွင်သာ စုပြုံလျက် ထိုင်ကြတော့သည်။ မိုဝူကျီ တစ်ယောက်တည်း ရှေ့တန်းအလယ်တွင် ထိုင်နေလေ၏။ အကြောင်းမှာ မိုဝူကျီက ထိုလူများကို ပညာပြန်ပြလိုက်သည်ကို မြင်၍ တစ်ယောက်မှ မိုဝူကျီနှင့် မထိုင်ရဲကြချေ။ ထို့ကြောင့် မိုဝူကျီ ဘယ်ဘက်နှင့် ညာဘက်တွင် ခုံလွတ်များ ဖြစ်နေသည်။

မိုဝူကျီ ပညာပြလိုက်သည့် တပည့်များမှာ မိုဝူကျီဘေးမှ သူတို့ခုံဆီ ပြန်မလာရဲတော့ပေ။

မိုဝူကျီက အနည်းငယ် စိုးရိမ်မိလေ၏။ သူက ထိုင်ခုံတစ်နေရာစာ လိုချင်တာ ဖြစ်ပြီး ရှေ့ဆုံးတန်းမှ အကောင်းဆုံးနေရာဖြစ်ဖို့ရာ မလိုအပ်ပေ။

ထို့နောက်တွင် မီးခိုးရောင် ဝတ်ရုံ ဝတ်ထားသော နှုတ်ခမ်းမွေး မည်းမည်းနှင့် လူလတ်အရွယ် အမျိုးသားက ဝင်လာလေသည်။ လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို မည်သို့ အာရုံခံရမည်ကို မသင်ကြားရသေးဘဲ မိုဝူကျီက ထိုနှုတ်ခမ်းမွေးနှင့်လူက ယနေ့ သင်ခန်းစာ ပို့ချမည့် အကြီးအကဲတိုင် ဖြစ်ကြောင်း သိလိုက်သည်။ ထိုလူဆီမှ အငွေ့အသက်များက မိုဝူကျီကို သူ့ထက် များစွာ အားကောင်းကြောင်း ခံစားမိစေသည်။

နှုတ်ခမ်းမွေးနှင့်အမျိုးသားက စင်မြင့်ထက်တွင် ရပ်လိုက်ပြီး အခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ထိုင်ခုံထဲမှ အကောင်းဆုံးနေရာတွင် မိုဝူကျီ ထိုင်နေသည်ကို တွေ့ပြီး အပြင်စည်း တပည့် ဖြစ်နေသည်ကို သတိပြုမိသောအခါ အနည်းငယ် အံ့ဩမိသွားသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now